EU နဲ့ဂျပန်ကြား အရေးပါတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး စာချုပ်ချုပ်ဆို

EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell နဲ့ ဂျပန်နိုင်ငံခြားဝန်ကြီး Takeshi Iwaya တို့ကို တွေ့ရစဉ် (နိုဝင်ဘာ ၁၊ ၂၀၂၄)

ဂျပန်နဲ့ EU ဥရောပသမဂ္ဂတို့ ကြား လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုသစ်တွေကို ဒီနေ့ သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ရေး၊ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်ရေးနဲ့၊ အာကာသလုံခြုံရေးဆိုင်ရာ အပါအဝင် ပူးပေါင်းဆောင်ရွက်ရေးတွေကို EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell နဲ့ ဂျပန်နိုင်ငံခြားဝန်ကြီး Takeshi Iwaya တို့ Tokyo မြို့တော်မှာ လက်မှတ်ထိုး သဘောတူခဲ့ကြပါတယ်။

အခုလို လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတိုးဖို့ EU နဲ့ အာရှ ပိစိဖိတ်ဒေသနိုင်ငံတခုနဲ့ ပထမဆုံးအကြိမ် သဘောတူစာချုပ်တာဖြစ်တယ်လို့ EU အကြီးအကဲ Borrell ကပြောကြားခဲ့ပါတယ်။

အာရှဒေသမှာ တရုတ်ရဲ့ စစ်အင်အားတိုးမြှင့်မှု၊ တောင်တရုတ်ပင်လယ်ထဲမှာ ရေပြင်နယ်နိမိတ် ချဲ့ထွင်နေမှု၊ မြောက်ကိုရီးယားနဲ့ ရုရှား စစ်ရေးအရ တိုးမြှင့်ဆောင်ရွက်မှုတွေ ရှိနေချိန်မှာ ခုလို ဂျပန်နဲ့ EU တို့ ကြားမှာ လုံခြုံရေး ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာမြောက် သဘောတူခဲ့ကြတာပါ။ ဒေသတွင်း စိုးရိမ်စရာအခြေအနေတွေကြောင့် ဂျပန်နိုင်ငံမှာလည်း ဒုတိယကမ္ဘာစစ်ပွဲနောက်ပိုင်း အကြီးကျယ်ဆုံး ကာကွယ်ရေးဆိုင်ရာ အဆင့်မြှင့်တင်မှုတွေ လုပ်နေပါတယ်။

ဂျပန်နိုင်ငံကနေ EU အကြီးအကဲ Josep Borrell ဟာ တောင်ကိုရီးယားကို ခရီးဆက်သွားပြီး မြောက်ကိုရီယားနဲ့ Nuclear ရန်အန္တရာယ်ကို အဓိက ဦးစားပေးဆွေးနွေးမယ်လို့ ပြောထားပါတယ်။

Your browser doesn’t support HTML5

EU နဲ့ဂျပန်ကြား အရေးပါတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး စာချုပ်ချုပ်ဆို