သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအပြီး ဂျပန်အာဏာရပါတီ နိုင်ငံရေးအကျပ်အတည်းနဲ့ကြုံ


တိုကျိုမြို့တော်က Liberal Democratic Party (LDP) ပါတီရဲ့ ရုံးချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba (အောက်တိုဘာ ၂၇၊ ၂၀၂၄)
တိုကျိုမြို့တော်က Liberal Democratic Party (LDP) ပါတီရဲ့ ရုံးချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba (အောက်တိုဘာ ၂၇၊ ၂၀၂၄)

တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ဂျပန်နိုင်ငံရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Shigeru Ishiba ရဲ့ အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP ပါတီက လွှတ်တော်အမတ်နေရာ အများစုကို လက်လွှတ် ဆုံးရှုံးခဲ့တဲ့အတွက် နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၁၅ နှစ်အတွင်း အဆိုးဆုံးဖြစ်တဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ လက်ရှိဝန်ကြီးချုပ် Ishiba ရဲ့ LDP နဲ့ သူ့ရဲ့ ညွန့်ပေါင်း ပါတီက လွှတ်တော်မှာ အများစုနေရာရဖို့ မဖြစ်နိုင်သလို ပါတီတွင်း သူ့ရဲ့ ဩဇာသက်ရောက်မှု ကျဆင်းနေပါတယ်။

နိုင်ငံရေး ရန်ပုံငွေ အရှုပ်တော်ပုံနဲ့ လူနေမှုစားရိတ်စက မြင့်တက်လာတဲ့ အပေါ် ဂျပန်ပြည်သူတွေ မကျေမနပ်ဖြစ်နေကြသလို LDP ပါတီက နိုင်ငံတွင်း အခြေခံကျတဲ့ လိုအပ်ချက်တွေကိုပံ့ပိုးဖို့ထက် စစ်တပ်ကို အားကောင်းအောင်လုပ်ဖို့ ပိုပြီးစိတ်အားထက်သန်တယ်လို့ မဲဆန္ဒရှင်တချို့ကယူဆတာပါ။ အရင်ဝန်ကြီးချုပ် Fumio Kishida နေရာမှာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး အစားထိုး ဝင်ရောက်ခဲ့တဲ့ ဝန်ကြီးချုပ် Ishiba ဟာ သူ့အပေါ် လူထုထောက်ခံမှုရဖို့ မျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲကို စောပြီး ချက်ခြင်းခေါ်ယူခဲ့ပါတယ်။ အခု ရွေးကောက်ပွဲရလဒ်တွေအရ ရက် ၃၀ အတွင်းအစိုးရဖွဲ့နိုင်ဖို့ သူ့ပါတီက လွှတ်တော်မှာ တတိယ ပါတီတရပ်နဲ့တွဲပြီး ညွန်ပေါင်းဖွဲ့ဖို စဉ်းစားလာနိုင်ပါတယ်။

အစိုးရတွင်း အပြောင်းအလဲဖြစ်လာဖို့ မရှိပေမယ့်၊ လွတ်တော်မှာ အမတ်အများစုနေရာ ဆုံးရှုံးသွားတဲ့အတွက် ဝန်ကြီးချုပ် Ishiba ရဲ့ ဥပဒေပြုရေးကိစ္စတွေမှာ အနှောင့်အယှက်တွေ သိသိသာသာ ရင်ဆိုင်ရနိုင်ခြေနဲ့ အခက်အခဲတွေ ကြုံရနိုင်တယ်ဆိုတာကို ဝန်ကြီးချုပ် Ishiba က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောဆိုသွားပါတယ်။

ရွေးကောက်ပွဲအပြီး ဂျပန်အာဏာရပါတီ နိုင်ငံရေးအကျပ်အတည်းနဲ့ကြုံ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG