သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အောက်လွှတ်တော်အများစုနေရာ LDP ပါတီ လက်လွှတ်ရဖွယ်ရှိ


ဂျပန်အတိုက်အခံပါတီ (Constitutional Decorcatic) -DCPJ ခေါင်းဆောင် Yoshihiko Nodae နဲ့ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေဖော်ပြပေးနေတဲ့ ဇယား။ (အောက်တိုဘာ ၂၇၊ ၂၀၂၄)
ဂျပန်အတိုက်အခံပါတီ (Constitutional Decorcatic) -DCPJ ခေါင်းဆောင် Yoshihiko Nodae နဲ့ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေဖော်ပြပေးနေတဲ့ ဇယား။ (အောက်တိုဘာ ၂၇၊ ၂၀၂၄)

တနင်္ဂနွေနေ့ကလုပ်တဲ့ ဂျပန်နိုင်ငံလွှတ်တော်ရွေးကောက်ပွဲတွေမှာ လက်ရှိ အနိုင်ရပါတီ LDP လစ်ဘရယ် ဒီမိုကရက်တစ်ပါတီဟာ လွှတ်တော်တွင်း နေရာအများစုရထားတာကို လက်လွှတ်ရဖွယ် ရှိနေပါတယ်။

ဂျပန်အတိုက်အခံပါတီဖြစ်တဲ့ Constitutional Democratic ပါတီက သိသိသာသာ အသာရဖွယ် ရှိနေပြီး မဲခန့်မှန်းချက်တွေအရ အရင်ကလွှတ်တော်နေရာ ၉၈ နေရာကနေ အခု ၁၉၁ နေရာအထိ ရလာနိုင်တယ်လို့ ဖော်ပြနေပါတယ်။ Constitutional Democratic ပါတီ ခေါင်းဆောင် Yoshihiko Noda ဟာ ၂၀၀၉ -၂၀၁၂ မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။ တနင်္ဂနွေနေ့ညပိုင်း သတင်းစာရှင်းလင်းပွဲမှာတော့ သူ့ပါတီရဲ့ ရည်းမှန်းချက်တွေ အောင်မြင်ခဲ့တယ်လို့ Noda က ပြောပါတယ်။

ဩဇာကြီးတဲ့ ဂျပန်အောက်လွှတ်တော်နေရာ ၄၆၅ နေရာရှိရာမှာ အာဏာရ LDP ပါတီက အများစု ရှိရာကနေ အခု ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်လူများစုပါတီအဖြစ်ကနေ လက်လွှတ် ဆုံးရှုံး ရဖွယ်ရှိတယ်လို့ NHK ဂျပန်သတင်းဌာနက မဲခန့်မှန်းချက်တွေက ဖော်ပြနေပါတယ်။ ဒီရလဒ်ကြောင့် လက်ရှိဝန်ကြီးချုပ် Shigeru Ishiba ရဲ့ အာဏာချုပ်ကိုင်မှု အားနည်းသွားနိုင်သလို ဂျပန်နိုင်ငံရေး အလားအလာလည်း မသေမချာ ဖြစ်လာနိုင်ပါတယ်။

ဝန်ကြီးချုပ် Ishiba ဟာ အရင်ဝန်ကြီးချုပ် Fumio Kishida နေရာမှာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး အစားထိုး ဝင်ရောက်လာတာပါ။ အဲဒီ‌နောက် သူ့အပေါ် လူထုထောက်ခံမှုရဖို့ မျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲကို ချက်ခြင်းခေါ်ယူခဲ့ပါတယ်။ အခုတော့ လွှတ်တော်မှာ တတိယပါတီတရပ်နဲ့တွဲပြီး ညွန်ပေါင်းဖွဲ့ဖို စဉ်းစားရနိုင်ပါတယ်။ သူ့မှာ အခက်အခဲတရပ်ကြုံနေပြီဆိုတာကတော့ ဝန်ကြီးချုပ် Ishiba က သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံခဲ့ပါတယ်။

လွှတ်တော်မှာ အခုလို လူများစုထိန်းချုပ်နိုင်ဖို့ ဆုံးရှုံးရတာကြောင့်တော့ အစိုးရတွင်း အပြောင်းအလဲ ဖြစ်လာဖို့ မရှိပေမယ့် ဝန်ကြီးချုပ် Ishiba ရဲ့ ဥပဒေပြုရေးကိစ္စတွေမှာ အနှောင့်အယှက်တွေ သိသိသာသာ ဖြစ်လာနိုင်ခြေရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG