ကိုရီးယားလေယာဥ်ပျက်ကျ သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနား ယာယီသမ္မတ တက်ရောက်

တောင်ကိုရီးယား Jeju လေကြောင်းလိုင်းလေယာဥ်ပျက်ကျပြီး ကွယ်လွန်သူ ၁၇၅ ဦးအတွက် အောက်မေ့ဖွယ်ဈာပနအခမ်းအနားကို ယာယီသမ္မတ Choi Sang-mok တက်ရောက်လာစဥ်။

တောင်ကိုရီးယားနိုင်ငံ Muan နိုင်ငံတကာလေဆိပ်မှာ မနေ့ တနင်္ဂနွေနေ့က လေယာဥ်ပျက်ကျခဲ့မှုဟာ နိုင်ငံရဲ့လေကြောင်းလိုင်းသမိုင်းမှာ အဆုံးရွာဆုံးဖြစ်ရပ်တခုဖြစ်ခဲ့ပြီး သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ယာယီသမ္မတ Choi Sang-mok ဒီကနေ့ တက်ရောက်ခဲ့ပါတယ်။

Jeju လေကြောင်းလိုင်းရဲ့ Air Boeing 737-800 ပျက်ကျခဲ့တဲ့အတွက် လိုက်ပါလာတဲ့ ခရီးသည် ၁၇၅ ဦးလုံး သေဆုံးခဲ့ပြီး လေယာဥ်အမှုထမ်းခြောက်ဦးထဲက လေးဦးသေဆုံးခဲ့ပါတယ်။ နှစ်ဦးကိုတော့ အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့တာပါ။

သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားမှာ ယာယီသမ္မတ Choi ဟာ ကိုရီးယား ထုံးတမ်းအအစဥ်အလာအတိုင်း ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြူရောင်ပန်းတပွင့်ကို ချခဲ့ပါတယ်။

တနင်္ဂနွေနေ့က Muan လေဆိပ်ကို Jeju Air Boeing 737-800 ဟာ လေယာဥ်ဝမ်းဗိုက်နဲ့ ဆင်းသက် လာခဲ့ပြီး ပြေးလမ်းအဆုံးမှာ အရှိန်မထိန်းနိုင်ဘဲလမ်းချော်ပြီး ပေါက်ကွဲသွားတာဖြစ်ပါတယ်။ တောင်ကိုရီးယားရုပ်မြင်သံကြားကထုတ်လွှင့်တဲ့ လေယာဥ်ပျက်ကျမှုဗီဒီယိုမှာတော့- လေယာဉ် ဆင်းသက်ချိန်မှာ လေယာဥ်ရဲ့ ဂီယာချွတ်ယွင်းနေကြောင်း တွေ့ခဲ့ရပါတယ်။

ယာယီသမ္မတ Choi က လေကြောင်းလိုင်းလည်ပတ်မှုစနစ်တခုလုံး လုံခြုံရေးစနစ်ကို အရေးပေါ် စစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။ တောင်ကိုရီးယားပို့ဆောင်ရေး၀န်ကြီးဌာနကလည်း တောင်ကိုရီးယားမှာ လည်ပတ်နေတဲ့ Boeing 737-800s 101 တွေကို စစ်ဆေးသွားမယ်လို့ ဒီကနေ့ ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ကိုရီးယားလေယာဥ်ပျက်ကျ သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနား ယာယီသမ္မတ တက်ရောက်