ယူကရိန်းကို ရုရှားကျုးကျော်မယ့်အရေး သမ္မတဘိုင်ဒင် ထပ်မံသတိပေး 

  • ဗွီအိုအေမြန်မာပိုင်း

APTOPIX Biden

ယူကရိန်းကို ရုရှားကျုးကျော်မယ့်အရေး သမ္မတဘိုင်ဒင် ထပ်မံသတိပေး

{{Zawgyi/Unicode}}

ရုရှားအနေနဲ့ ယူကရိန်းကို ဝင်ရောက်တိုက်ဖို့ ဖြစ်နိုင်ခြေအများကြီးရှိနေကြောင်း နဲ့ ရုရှားဟာ ဆွေးနွေးဖြေရှင်းမှုတွေဆက်လုပ်ဖို့ တိုက်တွန်းကြောင်း အင်္ဂါနေ့က သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

“ဒုတိယကမ္ဘာစစ်ဟာ လိုအပ်လို့ တိုက်ခဲ့ရတဲ့ စစ်ပွဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရုရှားက ယူကရိန်းကို တိုက်မယ်ဆိုရင်တော့ ဒီစစ်ပွဲဟာရွေးချယ်စရာရှိလျက်နဲ့ တိုက်တဲ့စစ်ပွဲ၊ အကြောင်းမဲ့တိုက်တဲ့စစ်ပွဲဖြစ်လိမ့်မယ်လို့” သမတဂျိုးဘိုင်ဒင် က ပြောဆိုသွားတာပါ။

ရုရှားသမ္မတက အင်္ဂါနေ့ အစောပိုင်းမှာ ဆွေးနွေးမှုတွေအတွက် အဆင်သင့်ရှိတယ်လို့ ပြောဆိုခဲ့ပြီးနောက် အမေရိကန်သမ္မတရဲ့ ပြောဆိုချက်ထွက်ပေါ်လာတာပါ။

ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခဲ့မယ်ဆိုရင် ယူကရိန်းမှာ လူတွေအများကြီး သေနိုင်ပါတယ်။ ဒီလိုဘဲ ရုရှားဘက်ကလည်း မဟာဗျူဟာမြောက် ပေးဆပ်ရမှုတွေ အများကြီးဖြစ်မှာပဲ ၊ တကမ္ဘာလုံးကလည်း ရုရှားကိုဝိုင်းဝန်းရှုံ့ချကြမှာဖြစ်ပြီး၊ အမေရိကန် မဟာမိတ်တွေကလည်း ပြတ်ပြတ်သားသားတုံ့ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ဆက်လက်ပြောဆိုခဲ့ပါတယ်။

အင်္ဂါနေ့ကလည်း ရုရှားသမ္မတ ဗလာဒီမာပူတင် က ဆွေးနွေးမှုတွေအတွက် အသင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရုရှားတပ်တချို့ ယူကရိန်းနယ်စပ် က ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ ရုရှားဘက်ကပြောပါတယ်။ ဒါပေမယ့် အမေရိကန်ကတော့ အတည်မပြုနိုင်သေးဘူးလို့ဘဲ ဆိုပါတယ်။

ယူကရိန်းအပါအဝင် ဆိုဗီယက်နိုင်ငံဟောင်းတွေကို NATO အဖွဲ့ထဲကို မထည့်ဖို့နဲ့ ရုရှားနဲ့နယ်နိမိတ်ချင်းကပ်နေတဲ့ အရှေ့ဥရောပကနေ အနောက်နိုင်ငံတပ်တွေပြန်လည်ထွက်ခွါဖို့ တောင်းဆိုချက်ကို ရုရှားက ဆက်လက်ဆုပ်ကိုင်ထားသလို၊ အမေရိကန်နဲ့ NATO ဘက်ကလည်း ငြင်းပယ်ထားပါတယ်။ ဒါပေမယ့် ရုရှားသမ္မတ ကတော့ NATO နဲ့ ယုံကြည်မှု တည်ဆောက်တဲ့အဆင့် ကြိုးစားမယ်လို့ ပြောဆိုပါတယ်။

..............................................

Your browser doesn’t support HTML5

ယူကရိန်းကို ရုရှားကျုးကျော်မယ့်အရေး သမ္မတဘိုင်ဒင် ထပ်မံသတိပေး


{{Unicode}}





