အမေရိကန်လွတ်လပ်ရေးနေ့ မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီး ဗိုလ်မှူးဟောင်းတဦးအမြင်

Lt. Col Prof. Dr.Mie Mie Winn Byrd

၂၄၃ ကြိမ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့ကို ဝါရှင်တန်ဒီစီ မြို့တော်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ သမ္မတ Donald Trump က "Salute America" ဆိုတဲ့ ဆောင်ပုဒ်နဲ့ အမေရိကန်စစ်မှုထမ်းတွေကို အထူးဂုဏ်ပြုခဲ့ပါတယ်။

အမေရိကန်ကာကွယ်ရေးဌာန လက်အောက်ရှိ Hawaii အခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှပစိဖိတ်ဌာနမှာ ၂၈ နှစ်တာထမ်းဆောင်အပြီး စစ်တပ်ကနေ အနားယူသွားပြီ ဖြစ်တဲ့ မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီးတဦး ဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ် (Lt. Col Prof. Dr.Mie Mie Winn Byrd) ကတော့ သမ္မတ Trump ခုလို ဂုဏ်ပြုတာကို ကျေးဇူးတင်ပေမဲ့ နိုင်ငံကိုကာကွယ်စောင့်ရှောက်ရာမှာ စစ်တပ် တခုတည်း မဟုတ်ဘူးလို့ ပြောပါတယ်။

အကြောင်းစုံကို ဒီသတင်းပါတ် အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

Your browser doesn’t support HTML5

အမေရိကန်လွတ်လပ်ရေးနေ့ မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီး ဗိုလ်မှူးဟောင်းတဦးအမြင်