မြေပြင်က ဝေဟင်ပစ်ဒုံးကျည်တွေ မူးယစ်ဆေးဝါးနဲ့ လဲလှယ်ရယူူမယ့်စွဲချက် KNU ငြင်းဆို 

Karen National Union (KNU) တပ်ဖွဲ့ဝင်များကို ကရင့်အမျိုးသားနေ့နှစ်ပတ်လည်အခမ်းအနားတွင် တွေ့ရစဉ်။ ( ယခင်မှတ်တမ်းဓာတ်ပုံ)  

[[Zawgyi/Unicode]]

အမေရိကန်ကဖမ်းထားတဲ့ ဂျပန် ယာကူဇာဂိုဏ်းခေါင်းဆောင်တယောက်ဆီကနေ မြေပြင်က ဝေဟင်ပစ်ဒုံးကျည်တွေကို ငွေသားအပြင် မူးယစ်ဆေးဝါးနဲ့ပါ အလဲအလှယ်လုပ်ဝယ်ယူဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကရင်တိုင်းရင်းသားအစည်းအရုံး (KNU) က ငြင်းဆန်လိုက်ပါတယ်။

KNU ဟာ မူးယစ်ဆေးဝါး အရောင်းအဝယ်နဲ့ လုံးဝ ဆက်စပ်ပတ်သက်မှု မရှိဘူးလို့ အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမူးက ဗွီအိုအေကိုပြောပါတယ်။

“ဒါ ကျနော်တို့ရဲ့ မူဝါဒဖြစ်ပါတယ်၊ အဲဒါ ကျနော်ပြောနိုင်တာပါပဲ” လို့ ပဒိုစောတာဒိုမူးက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဗွီအိုအေကို တယ်လီဖုန်းကတဆင့် ပြောခဲ့ပါတယ်။

KNU ရဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အနေနဲ့ မူးယစ်ဆေးဝါး အရောင်းအဝယ် ဒါမှမဟုတ် ဂျပန် ယာကူဇာဂိုဏ်းနဲ့ လုံးဝ အဆက်အစပ်မရှိသလို မြေပြင်က ဝေဟင်ပစ်ဒုံးကျည်တွေ ရယူဖို့လည်း စိတ် မဝင်စားဘူးလို့ KNU ပြောခွင့်ရ ပဒိုစောတောနီးကလည်း ပြောပါတယ်။

“KNLA ဟာ KNU ရဲ့ ထိန်းကွပ်မှုအောက်မှာရှိတဲ့ စစ်ဘက်အဖွဲ့ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘယ်လို အပေးအယူမျိုးမှမရှိပါဘူး။ ကျနော်တို့ မသိပါဘူး။ ကျနော်တို့မူဝါဒက ရှင်းပါတယ်။ ကျနော်တို့ မပတ်သက်ပါဘူး၊ အဲဒီကိစ္စ ကျနော်တို့ မလုပ်ပါဘူး၊ ကျနော်တို့ ဘာမှကို မသိပါဘူး။ အဲဒီသတင်းကြားတော့ ကျနော်တို့ သိပ်အံ့သြသွားပါတယ်။ ဘယ်လိုမှကို မပတ်သက်ပါဘူး” လို့ ပဒိုစောတာနီးက ပြောပါတယ်။

ဂျပန် ယာကူဇာဂိုဏ်းကွန်ရက်အဖွဲ့ခေါင်းဆောင် Takeshi Ebisawa နဲ့ အပေါင်းပါ ထိုင်းလူမျိုးသုံးဦးတို့အပေါ် အမေရိကန်၊ နယူးယောက်တောင်ပိုင်းခရိုင် အစိုးရရှေ့နေရုံးရဲ့ စွပ်စွဲချက်ထဲမှာ KNU ၊ UWSA ဝ တပ်ဖွဲ့နဲ့ တောင်ပိုင်း ရှမ်းလက်နက်ကိုင်အဖွဲ့ SSA-S တို့ကို ထည့်သွင်းဖော်ပြထားတာပါ။ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ UWSA နဲ့ ရှမ်းတောင်ပိုင်း လက်နက်ကိုင်အဖွဲ့ SSA-S တို့ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

Your browser doesn’t support HTML5

မြေပြင်က ဝေဟင်ပစ်ဒုံးကျည်တွေ မူးယစ်ဆေးဝါးနဲ့ လဲလှယ်ရယူူမယ့်စွဲချက် KNU ငြင်းဆို

=============

[[Unicode]]









=============