မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ မေလ ၉ ရက်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင် သွင်းလိုက်ပါတယ်။
သူ့ကိုထောက်ခံသူတွေဟာ စနေနေ့က Langkawi အပမ်းဖြေကျွန်းမှာ စုဝေးပြီး အသက် ၉၂ နှစ်ရှိနေပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံကြောင်း အင်အားပြခဲ့ကြပါတယ်။
မဟာသီယာကိုယ်တိုင် သေချာသင်ကြားပေးခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် Najib Razak - အဂတိလိုက်စားမှုမှာ ပြဿနာတွေတက်ပြီးနောက် သူ့ကို ရာထူးကဖယ်ရှားဖို့ မဟာသီယာကပဲ - တောင်းဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် ရာဇတ် ၂၀၀၉ ခုနှစ်က ဝန်ကြီးချုပ်ရာထူး တာဝန်ထမ်းဆောင်ချိန်မှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် 1MDB အဖွဲ့ကို တည်ထောင်ပြီး ကနဦးပိုင်းက ဦးဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒေါ်လာသန်းထောင်နဲ့ချီ အကြွေးတင်သွားခဲ့တာ ဖြစ်ပါတယ်။
အစိုးရဘဏ္ဍာငွေနဲ့ တည်ထောင်ထားတဲ့ 1MDB လုပ်ငန်းအဖွဲ့ကြီးဟာ အမေရိကန်နဲ့ တခြားနိုင်ငံတွေနဲ့ နိုင်ငံဖြတ်ကျော် ငွေကြေးအလွဲသုံးမှု၊ ငွေကြေး ခဝါချမှုတွေရှိခဲ့ကြောင်း စွပ်စွဲခံရပြီး စုံစမ်းစစ်ဆေး ခံနေရတာဖြစ်ပါတယ်။
Your browser doesn’t support HTML5