အင်္ဂါဂြိုလ်မှာ အာလူးစိုက်နိုင်

လိုအပ်တဲ့ ဓါတ်မြေသြဇာနဲ့ ရေအလုံအလောက်ရမယ်ဆိုရင် အင်္ဂါဂြိုလ်ပေါ်မှာ အာလူးစိုက်ပျိုးလို့ရမယ်လို့ သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။

နိုင်ငံတကာ အာလူးသုတေသနဌာနနဲ့ ပီရူးနိုင်ငံ လီမာမြို့မှာရှိတဲ့ အင်ဂျင်နီယာနဲ့နည်းပညာတက္ကသိုလ်က သုတေသီတွေဟာ Pampas de La Joya သဲကန္တာရထဲက မြေကြီးတွေသုံးပြီး အာလူးကို အောင်အောင်မြင်မြင်စိုက်ပျိုးနိုင်ခဲ့ကြပါတယ်။ အဲဒီမြေဟာ အင်္ဂါဂြိုလ်ပေါ်မှာရှိတဲ့ မြေသားနဲ့ အနီးစပ်ဆုံးတူတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အင်္ဂါဂြိုလ်ပေါ်က အပူချိန်၊ လေထုဖိအား၊ အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငေ့ွ ပမာဏတို့အတိုင်း ဆင်တူနီးပါးရှိတဲ့ အလုံခန်းတခုကို NASA Ames သုတေသနဌာန က သိပ္ပံပညာရှင်တွေရဲ့ အကူအညီနဲ့ဆောက်လုပ်ပြီး အဲဒီမှာ အာလူးစိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ရာသီဥတုအခြေအနေနဲ့ ခြောက်သွေ့ပြင်းထန်တဲ့ မြေကြီးပေါ်မှာ အာလူးအမျိုးအစား တော်တော်များများ စိုက်ပျိုးနိုင်တာကို အားတက်စရာ စမ်းသပ်တွေ့ရှိခဲ့ကြပါတယ်။

သူတို့ရဲ့စမ်းသပ်မှုအောင်မြင်တယ်ဆိုရင် ကမ္ဘာ့ဘယ်နေမှာမဆို ပရိုတင်းဓါတ်များတဲ့ အာလူးတွေကို စိုက်ပျိုးပြီး အစာရေစာရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်မယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။ February လ ၁၄ ရက်နေ့က စတင်တဲ့စမ်းသပ် စိုက်ပျိုးမှုတွေကို potatoes.space/mars ဆိုတဲ့ Website မှာ ကြည့်ရှု လေ့လာနိုင်ကြပါတယ်။

Your browser doesn’t support HTML5

အင်္ဂါဂြိုလ်မှာ အာလူးစိုက်နိုင်