မြန်မာအတိုက်အခံတွေနဲ့ တွေ့ဆုံမှု ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin ဖြေရှင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin တို့ကိုအတူတွေ့ရစဉ် (မတ် ၁၅၊ ၂၀၂၄)

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra က မြန်မာနိုင်ငံ့အရေး ကြားဝင်ဖို့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ သူ တွေ့ဆုံခဲ့တာကို ဝန်ခံပြောဆိုပြီး တွေ့ဆုံမှုဟာ ထိုင်းနိုင်ငံဘက်က စိုးရိမ်မှုတွေကို အခြေခံ တွေ့ဆုံခဲ့တာလို့ စနေနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာကို ပြောဆိုပါတယ်။ ထိုင်းမြန်မာ နယ်ခြား အခြေအနေနဲ့ ထိုင်းနိုင်ငံထဲမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို စောင့်ရှောက်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့တာလို့ ပြောဆိုပေမဲ့ အသေးစိတ်ကိုတော့ ပြောဆိုခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေအတွင်း NUG ကိုယ်စားလှယ်တွေအပြင်၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယောဆဒ်၊ ကရင် KNU အဖွဲ့၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကချင်အမျိုးသားအစည်းအရုံး (KNO) တို့က ကိုယ်စားလှယ်တွေနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin တွေ့ဆုံခဲ့တဲ့အကြောင်း ထိုင်း သတင်းစာတွေမှာ ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံအရေး ကြားဝင်စေ့စပ်ပေးဖို့ ဝန်ကြီးချုပ်ဟောင်း Thaksin ရဲ့ ကမ်းလှမ်းချက်ကို တိုင်းရင်းသားအဖွဲ့အစည်းတွေက လက်မခံဘဲ ပယ်ချခဲ့တဲ့အကြောင်းလည်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ရေးပါတယ်။

ဝန်ကြီးချုပ်ဟောင်း Thaksin ရဲ့ ကမ်းလှမ်းချက်ကို တချို့အဖွဲ့အစည်းတွေက အကြောင်းမပြန်သေးတဲ့အကြောင်း KNU ကရင်အမျိုးသား အစည်းအရုံး အပါအဝင် တိုင်းရင်းသားသတင်းရပ်ကွက်တချို့က VOA ကို ပြောပါတယ်။ စစ်ကောင်စီ ပြောခွင့်ရကတော့ ထိုင်းနိုင်ငံအနေနဲ့ ဆန့်ကျင်ဘက် ဖျက်ဆီးရေးအဖွဲ့အစည်းတွေကို အားပေးတာမျိုးမလုပ်သင့်ဘူးဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာအတိုက်အခံတွေနဲ့ တွေ့ဆုံမှု ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin ဖြေရှင်း