ဂျပန်နိုင်ငံမှာ ဒီကနေ့ အင်္ဂါနေ့မှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည် တိုက်ခိုက်မှု အန္တရာယ် မှားယွင်း သတိပေးချက် ထွက်ပေါ်ခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်က ဒုံးကျည်နဲ့ ပစ်ခတ်တော့မယ့် အနေအထား ရှိပါတယ်။
မြေအောက် ဒါမှမဟုတ်လည်း အဆောက်အအုံတွင်းကို ဝင်ပြီး ခိုလှုံကြဖို့ လူတွေကို တိုက်တွန်းတဲ့ သတိပေးချက်ကို အများပိုင် NHK ရုပ်သံက အွန်လိုင်းပေါ်မှာရော၊ မိုလ်ဘိုင်းဖုန်းတွေကနေပါ ပေးပို့ခဲ့တာပါ။ နောက် မိနစ်ပိုင်း အတွင်းမှာဘဲ မှားယွင်း သတိပေးချက် ဖြစ်ပါကြောင်း NHK က ထုတ်ပြန် ပေးပို့ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေ ဆက်လက် စမ်းသပ်မှုတွေကြောင့် အာရှပစိဖိတ် ဒေသမှာ နေထိုင်သူတွေအပေါ် စိုးရိမ်စိတ်တွေ ရှိနေကြတာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီ ပြည်နယ်မှာ အလားတူ မှားယွင်း သတိပေးချက် ပေါ်ပေါက်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာဘဲ ဒီကနေ့ ဂျပန်မှာ မှားယွင်း သတိပေးချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဟာဝိုင်အီ ပြည်နယ်မှာတော့ တာဝန်ရှိသူတွေက မှားယွင်းသတိပေးချက် ဖြစ်ကြောင်း နာရီဝက်ကျော်ကြာမှာ မကြေညာခင်မှာတော့ ဒေသခံတွေကြား အကြီးအကျယ် ထိတ်လန့်တကြား ဖြစ်ခဲ့ကြရတာပါ။
Your browser doesn’t support HTML5