သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဒုံးကျည်စမ်းသပ်မှု အနောက်နိုင်ငံများ စိုးရိမ်မကင်းဖြစ်


အီရန်ဘက်က ပဲ့ထိန်းတပ် တာလတ်ပစ်ဒုံးကျည်သစ် တစင်းကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ကြောင့် မနေ့ စနေနေ့က ကြေညာလိုက်တဲ့ အပေါ် အနောက်နိုင်ငံ ခေါင်းဆောင်တွေက သတိထားပြီး တုံ့ပြန်ကြပါတယ်။ အမေရိကန် သမ္မတ Donald Trump က မနေ့ စနေနေ့က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားတာမှာတော့ အစ္စရေးလ်ထိရောက်အောင် ပစ်နိုင်တဲ့ ပဲ့ထိန်းတပ်ဒုံးကျည်တစင်းကို အီရန်တို့ စမ်းသပ်ခဲ့ဲ့ပြီး မြောက်ကိုရီးယားတို့နဲ့ ပေါင်းလုပ်ခဲ့တယ်လို့ ရေးသားပါတယ်။

အီရန် အပေါ်မှာ ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ကုလသမဂ္ဂဘက်က ဖယ်ရှားပေးပြီး အပြန်အလှန်အားဖြင့် အီရန်ဘက်က သူ့ရဲ့ နျူးကလီးယား ဆောင်ရွက်ချက် တချို့ကို စွန့်လွှတ်ခဲ့တဲ့ ၂၀၁၅ ခုနှစ် နျူးကလီးယား သဘောတူညီချက်ကို သမ္မတ Trump က ရည်ညွန်းပြီး ရရှိထားတဲ့ သဘောတူညီချက်က မကောင်းတော့ဘူးလို့လည်း ရေးသားခဲ့ပါတယ်။ သဘောတူစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ပြင်သစ်ဘက်ကလည် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ခဲ့ပါတယ်။

အီရန်အနေနဲ့ ဒေသတွင်း မတည်မငြိမ်ဖြစ်စေတဲ့ ဆောင်ရွက်ချက်တွေကို ရပ်ဖို့၊ အခုစမ်းသပ်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်စမ်းသပ်မှုတွေ အပါအဝင် ဆုံးဖြတ်ချက် အမှတ် ၂၂၃၁ ပါ အချက်အားလုံးကို လေးစားဖို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အီရန်ဘက်က မကြာခဏ ပစ်မှတ်ထား ရန်စောင်ခံရတဲ့ အစ္စရေးလ်နိုင်ငံကလည်း တုံ့ပြန်ခဲ့တာမှာ ကာကွယ်ရေး ဝန်ကြီး အာဗီဒါ လစ်ဘားမန်းက ဒီစမ်းသပ်မှုဟာဆိုရင် အမေရိကန်၊ အစ္စရေးလ်နဲ့ တခြား မဟာမိတ်နိုင်ငံတွေကို ရန်စတာလို့ ပြောဆိုခဲ့တာပါ။ ဒုံးကျည်စမ်းသပ်တဲ့ ပုံတွေကို အီရန် နိုင်ငံပိုင် သတင်းဌာနက မနေ့က ပြသခဲ့တာပါ။ Khorramshahr ဒုံးကျည်ကို ဘယ်အချိန်၊ ဘယ်နေရာမှာ စမ်းသပ်ခဲ့သလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ စမ်းသပ်ခဲ့တဲ့ ဒုံးကျည်ကတော့ လက်နက်ထိပ်ဖူးတွေ သယ်ဆောင်နိုင်ပြီး ကီလိုမီတာ ၂၀၀၀ လောက်ထိ ရောက်ရှိနိုင်ပါတယ်။ အီရန် အနေနဲ့ ဒုံးကျည် အစီအစဉ်တွေ ပိုပြီး ခိုင်မာအားကောင်းအောင် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဘယ်နိုင်ငံရဲ့ ခွင့်ပြုချက်မှ မလိုဘူးဆိုပြီးလည်း အီရန်သမ္မတ Hassan Rouhani က ပြီးခဲ့တဲ့ သောကြာနေ့ စစ်ရေးပြ ချီတက်ပွဲ တခုမှာ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG