သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုံးကျည်အတွက် ငွေပိုသုံးရေး အီရန်လွှတ်တော် အတည်ပြု


 အီရန်လွှတ်တော်
အီရန်လွှတ်တော်

အီရန်နိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်အတွက် ဘဏ္ဍာငွေပိုသုံးရေးပြဌာန်းတဲ့ ဥပဒေကြမ်းတရပ်ကို တနင်္ဂနွေနေ့က အီရန် လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

အီရန်အစိုးရအပေါ် အမေရိကန်က ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချလိုက်တာကြောင့် အခြေအနေတင်းမာနေချိန်မှာပဲ ဥပဒေ မူကြမ်းကို တခဲနက်ထောက်ခံမှုနဲ့ အတည်ပြုလိုက်တာပါ။

ဒါဟာ မိမိတို့ရဲ့ ပထမဆုံး လုပ်ဆောင်ချက်ဖြစ်တယ်ဆိုတာ အမေရိကန်တွေ သိသင့်တယ်လို့ အီရန်လွှတ်တော်ဥက္ကဌ Ali Larijani ကပြောပါတယ်။

လွှတ်တော်အမတ် ၂၄၇ ယောက်မှာ ၂၄၀ က ထောက်ခံမဲပေးခဲ့တဲ့ မဲရလာဒ်ကို Larijani ကကြေညာပြီး အကြမ်းဖက်ဝါဒီတွေနဲ့ ဒေသတွင်းမှာ အမေရိကန်ရဲ့ တာဝန်မဲ့လုပ်ဆောင်ချက်တွေကို ရင်ဆိုင်ဖို့ ဒီဥပဒေကရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒဏ်ခတ်အရေးယူမှုအသစ်တွေဟာ အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်အကြားချုပ်ဆိုထားတဲ့ နျူကလီး ယားအရေး သဘောတူစာချုပ်ပါအအချက်တွေကို ချိုးဖောက်တယ်လို့ အီရန်အစိုးရက အစောပိုင်းမှာ ပြောဖူးပါတယ်။ သင့်တင့် လျောက်ပတ်ပြီး တူညီတဲ့အချိုးအစားရှိတဲ့ တုန့်ပြန်ချက်ကို လုပ်ဆောင်သွားမယ်လို့်လဲ အခိုင်အမာပြောထားဖူးပါတယ်။

အခုဥပဒေထဲမှာ ဒုံးကျည်အစီအစဉ်အတွက် ဒေါ်လာသန်းပေါင်း ၅၀၀ ထပ်သုံးဖို့ပါသလို အမေရိကန်အစိုးရကို ပစ်မှတ်ထား အရေးယူတဲ့ လုပ်ဆောင်ချက်တွေလဲ ပါဝင်ပါတယ်။

ဒုံးကျည်အတွက် ငွေပိုသုံးရေး အီရန်လွှတ်တော် အတည်ပြု
please wait

No media source currently available

0:00 0:00:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG