ဝါးပင်စိုက်ပြီး ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်မယ့် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ တွေ့ရသည့် ဝါးပျိုးပင်များ။

ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံတဝှမ်း ဝါးစိုက်ပျိုးမှု လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားဖို့ စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။ သူတို့ အသင်းအနေနဲ့ ဝါးစိုက်လိုသူတွေအတွက် အဆင်ပြေအောင် စိုက်ပျိုးနည်း သင်တန်းတွေကို ပို့ချပေးကြောင်းလည်း ဦးကျော်ဝင်းက ပြောပါတယ်။ ဒီအကြောင်း အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဝါးစိုက်လိုသူတွေအနေနဲ့ တဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းရဲ့ Facebook စာမျက်နှာပေါ်မှာ “မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း” ၊ ဒါမှမဟုတ် အင်္ဂလိပ်လို ဖွင့်ထားတဲ့ Myanmar Bamboo Society ဆိုတဲ့ နံမည်နဲ့ ရှာဖွေပြီး အဲဒီကတဆင့် လျှောက်လွှာတွေကို တောင်းခံနိုင်သလို သိလိုတာတွေကို မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

Your browser doesn’t support HTML5

ဝါးပင်စိုက်ပြီး ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်မယ့် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း