မြန်မာ ကိုဗစ်ရောဂါပိုးတွေ့သူ ၁၂,၄၂၅၊ သေဆုံးသူ ၂၈၄

တာဝန်ထမ်းဆောင်နေကြသော PPE ဝတ်စုံနှင့် ကျန်းမာရေးဝန်ထမ်းတဦးကို ရန်ကုန်မြို့ရှိ လမ်းတခုတွင်တွေ့ရ။ (စက်တင်ဘာ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၇၉၅ ယောက်ထပ် အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူ စုစုပေါင်း ၁၂,၄၂၅ ယောက်ရှိသွားပြီဖြစ်ပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့ အတွက် စုစုပေါင်း ဓါတ်ခွဲနမူနာ ၅,၉၆၂ ခု စစ်ဆေးခဲ့တာမှာ လူနာသစ် ၈၀၀ နီးပါးတွေ့ရတာပါ။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၂၈ ယောက်ရှိတဲ့အတွက် အခုထိသေဆုံးသူ ၂၈၄ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီသတင်းမှာဖော်ပြထားပါတယ်။ အခုအချိန်ထိ ဓါတ်ခွဲနမူနာ စုစုပေါင်း ၂၈၉,၇၀၀ ကျော်စစ်ဆေးခဲ့ပြီးဖြစ်သလို အတည်ပြုလူနာတွေထဲ ရောဂါပိုးကင်းစင်လာတဲ့ အတွက် ဆေးရုံဆင်းခွင့်ရသူက ၃,၃၉၁ ယောက်ရှိပါတယ်။

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဆက်ပြီး ထိန်းချုပ်ဖို့ လိုအပ်တဲ့အတွက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ အမိန့်၊ အမိန့်ကြော်ငြာစာနဲ့ ညွှန်ကြားချက် တွေကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ထားတယ်လို့ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မတီ က စက်တင်ဘာ ၂၈ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းအတွင်း တင်းကြပ်တဲ့ အသွားအလာ ကန့်သတ်ချက်တွေ ချမှတ်ထားပြီး မြို့တွင်း မြို့နယ် တခုနဲ့ တခု ခွင့်ပြုချက်မရဘဲ သွားလာခွင့်မရှိသလို ရန်ကုန်ပြင်ပ ခရီးသွားလာခွင့်ကိုလည်း တားမြစ်ထားပါတယ်။

[Unicode Version]




SEE ALSO: ရန်ကုန်ဆေးရုံကြီး ၉ ရုံမှာ ကိုဗစ်စစ်ဆေးပေး

