မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၃၉,၆၉၆ ဦး၊ သေဆုံး ၉၇၂ ဦး

ရန်ကုန်မြို့ Quarantine Center တခုမှာ COVID ရောဂါ ရှိ၊ မရှိ စစ်ဆေးဖို့ swab နမူနာယူနေတဲ့ PPE ဝတ်စုံဝတ် ကျန်းမာရေး ဝန်ထမ်း။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ နောက်ထပ် ၁,၁၉၄ ဦးထပ်တိုးပြီး သေဆုံးသူက ၂၇ ဦး ထပ်တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၄,၃၆၂ ခုကို စစ်ဆေးခဲ့တဲ့ထဲက ရောဂါပိုး နောက်ထပ် ကူးစက်သူတွေ တွေ့ရတာကြောင့် ဒီကနေ့ည ၈ နာရီအထိဆိုရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်သူပေါင်း ၃၉,၆၉၆ ဦး ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူကတော့ ၉၇၂ ဦးရှိသွားပါပြီ။

နောက်ထပ် ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၇၁၈ ဦး ထပ်တိုးတာကြောင့် ဆေးရုံက ဆင်းခွင့်ရရှိသူအရေအတွက် စုစုပေါင်း ၁၈,၈၆၅ ဦး ရှိပြီဖြစ်ပါတယ်။

တနိုင်ငံလုံးအနေနဲ့ဆိုရင် ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်ရောဂါ ကူးစက်သူအရေအတွက် အများဆုံးဖြစ်သလို ဖျားနာကုဆေးခန်းတွေမှာ လာပြကြသူအရေအတွက်လည်း ပိုတိုးလာနေတာကြောင့် အခက်အခဲတွေ့နေကြပါတယ်။ ဒါ့အပြင် အသွားအလာ ကန့်သတ်ချက်တွေလည်း ရှိနေဆဲပါ။

ကိုဗစ်ရောဂါ ကူးစက်ပျံ့ပွားတဲ့အရေအတွက် လျော့ကျမသွားသေးချိန်မှာဘဲ ၂၀၂၀ ပြည့် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ကလည်း သီတင်းနှစ်ပတ်ကျော်ပဲ လိုပါတော့တယ်။

Your browser doesn’t support HTML5

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၃၉၆၉၆ ဦး၊ သေဆုံး ၉၇၂ ဦး

[Unicode Version]




SEE ALSO: ရန်ကုန်ဖျားနာကုအခမဲ့ဆေးခန်းများ တိုးချဲ့ဖို့ပြင်ဆင်


