ကျူးကျော်ရပ်ကွက် အဓမ္မဖယ်ရှားမှု ချက်ချင်းရပ်ဖို့ ကုလတောင်းဆို
{{Zawgyi/Unicode}}
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ကျုးကျော်အိမ်ယာတွေကို ရှင်းလင်းဖယ်ရှားနေတဲ့ အစီအစဉ်ကို ချက်ခြင်းရပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိတွေ မြန်မာစစ်ခေါင်းဆောင်ကို တောင်းဆိုလိုက်ပြီး၊ စစ်တပ်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။
အတင်းအကျပ် ဖယ်ရှားတာဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို အကြီးအကျယ် ချိုးဖောက်ရာ ရောက်ကြောင်းလည်း လူနေမှုအဆင့်အတန်းနဲ့အညီ နေထိုင်ခွင့် ရရှိရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Balakrishnan Rajagopal ပြည်တွင်း ဒုက္ခသည်အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Cecilia Jimenez-Damary နဲ့ ဆင်းရဲမွဲတေမှုနဲ့ လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Olivier De Schutter တို့ရဲ့ ကြာသပတေးနေ့ ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့တာပါ။
မြို့တော်သန့်ရှင်းရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေက လှိုင်သာယာအပါအဝင် ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ မကြာသေးခင် လတွေကစလို့ ကျုးကျော်အိမ်ယာတွေကို ဖယ်ရှားနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း မိသားစု ၈ ထောင်လောက်ဟာ နစ်နာကြေးတစုံတရာ မရရှိဘဲ အတင်းအကျပ် ဖယ်ရှားခံခဲ့ရကြောင်းလည်း ပူးတွဲကြေညာချက်မှာ ဖော်ပြထားတာပါ။ ဖယ်ရှားခံရသူတွေအတွက် သင့်တော်တဲ့ နေရေးထိုင်ရေး၊ စားဝတ်နေရေး ထောက်ပံ့ဖို့လည်း တိုက်တွန်းထားပါတယ်။
စိုးရိမ်စရာ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ် အကြီးအကဲကို အသိပေးထားပြီး၊ ပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်အောင် ကျုးကျော်နေထိုင်သူတွေနဲ့ တိုင်ပင်ဆွေးနွေး အဖြေရှာဖို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
......................................................
Your browser doesn’t support HTML5
ကျူးကျော်ရပ်ကွက် အဓမ္မဖယ်ရှားမှု ချက်ချင်းရပ်ဖို့ ကုလတောင်းဆို
ကြူးကြောျရပျကှကျ အဓမ်မဖယျရှားမှု ခကြျခငြျးရပျဖို့ ကုလတောငျးဆို
{{Unicode}}