[[Zawgyi/Unicode]]
ဂျပန်ဝန်ကြီးချုပ် Fumio Kishida ဟာ ဂျပန်နိုင်ငံမှာရောက်နေတဲ့ ကမ္ဘောဒီးယား ကြည်းတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Hun Manet ကို ဒီကနေ့ တိုကျိုမြို့တော် မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
Hun Manet ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့သားဖြစ်သလို ဝန်ကြီးချုပ်ရာထူးကို ဆက်ခံမယ့်သူအဖြစ် လျာထားခံရသူလည်းဖြစ်ပါတယ်။
ဒီသီတင်းပတ်အစောပိုင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi နဲ့ Hun Manet တို့ တွေ့ဆုံချိန်တုန်းကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်လုပ်ဆောင်တာမှာ ပူးပေါင်းဆောင် ရွက်သွားကြဖို့ သဘောတူခဲ့ကြတယ်လို့ ဂျပန်တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မြန်မာနိုင်ငံ သွားခဲ့ချိန်တုံးက Hun Manet လည်း အတူလိုက်ပါသွားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အပေါင်းလက္ခဏာဆောင်တဲ့ ကြိုးပမ်းချက် တရပ်ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hayashi က ပြောထားပါတယ်။
ဟွန်ဆန်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် အာဏာရယူထားတာ ၃၆ နှစ်ရှိပြီဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ ဝန်ကြီးချုပ်ရာထူး ဆက်ယူူသွားဖို့ ရည်ရွယ်တယ်လို့ ပြောထားသလို သူအနားယူတဲ့အခါ သားဖြစ်သူ Hun Manet က ဝန်ကြီးချုပ်ရာထူး ဆက်ယူ သွားဖို့ လျာထားတဲ့အကြောင်း ပြောထားပါတယ်။
Your browser doesn’t support HTML5
ဂျပန်ဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီယားကြည်းတပ်ဦးစီးတွေ့ဆုံ
===============
[[Unicode]]
===============