မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးသံတမန်အဖြစ် မစ္စဂျူလီတမ်နာ (Julie Turner) ကို အမေရိကန်က ခန့်ထားလိုက်တာကို လူ့အခွင့်အရေး အဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။ ဒီရာထူးနေရာ လစ်လပ်နေခဲ့တာ ၆ နှစ် ရှိခဲ့ပါပြီ။ ခုလိုခန့်ထားတာကို တနင်္လာနေ့ ညနေပိုင်းက အိမ်ဖြူတော်က ကြေညာခဲ့တာပါ။ ခုလို ခန့်ထားတာကို အထက်လွှတ်တော်က အတည်ပြုဖို့တော့ လိုပါသေးတယ်။
မစ္စတမ်နာရဲ့ လက်ရှိတာဝန်ကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လုပ်အားဌာနမှာ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသ ရုံး ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ သူဟာ ဒီဌာနမှာ နှစ်ပေါင်း ၁၆ နှစ် လုပ်ခဲ့ပြီး၊ မြောက်ကိုရီးယား လူ့အခွင့်အရေး ကိစ္စတွေ နဲ့ပတ်သက်ပြီး အဓိကအလုပ်လုပ်နေတဲ့သူ ဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒီလို သံတမန် ခန့်ထားရမယ့်ဥပဒေကို ၂၀၀၄ ခုနှစ်မှာ ဥပဒေအဖြစ် ပြဌာန်းခဲ့ပါတယ်။ သမ္မတအိုဘားမား ခန့်ထားခဲ့တဲ့ အထူးသံတမန် က ၂၀၁၇ ခုနှစ် မှာ အနားယူသွားပြီးတဲ့နောက်မှာတော့ ဒီ ရာထူးနေရာက လစ်လပ်နေခဲ့တာပါ။ အရင်သမ္မတထရမ့် လက်ထက်မှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) နဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံရေးကိုသာ ဦးစားပေးခဲ့ပြီး၊ အထူးသံတမန်ကို မခန့်ခဲ့ပါဘူး။ ဒီရာထူးကို ဖယ်ရှားပစ်ဖို့ ထရမ့်ရဲ့ ပထဆုံး နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင် (Rex Tillerson) က တကြိမ်မှာ အဆိုပြုခဲ့ဖူးပါသေးတယ်။
Your browser doesn’t support HTML5
[Unicode]