႐ူပေဗဒႏိုဘယ္ဆု အာကာသတြင္းနက္ေလ့လာသူသံုးဦး ရရွိ

၂၀၂၀ ခုႏွစ္အတြက္ ႐ူပေဗဒ ႏိုဘယ္ ဆုရွင္ ၿဗိတိန္ သိပၸံ ပညာရွင္ Roger Penrose၊ ဂ်ာမန္ လူမ်ိဳး Reinhard Genzel နဲ႔ အေမရိကန္က Andrea Ghez။ (ေအာက္တိုဘာ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၂၀ ခုႏွစ္အတြက္ ႐ူပေဗဒ ႏိုဘယ္ ဆုရွင္ ၃ ဦးကို ဆြီဒင္ ေတာ္ဝင္ အကယ္ဒမီကေန ဒီကေန႔ အဂၤါေန႔မွာ ေၾကညာလိုက္ပါတယ္။ အာကာသ ထဲက တြင္းနက္ႀကီးေတြနဲ႔ပတ္သက္လို႔ ကမာၻသူ၊ ကမာၻသားေတြ ပိုမို နားလည္ေအာင္ ရွာေဖြ ေလ့လာ သက္ေသျပႏိုင္ခဲ့လို႔ သူတို႔ကို အခုလို ႏိုဘယ္ဆုခ်ီးျမႇင့္ခံတာလို႔လည္း ဆြီဒင္ ေတာ္ဝင္ အကယ္ဒမီက Goran Hansson က ေျပာပါတယ္။

ၿဗိတိန္ သိပၸံ ပညာရွင္ Roger Penrose က Albert Einstein ရဲ႕ ႏႈိင္းယွဥ္မႈ သီအိုရီအေပၚ အေျခခံၿပီး သခ်ၤာနည္းနဲ႔ အာကာသတြင္းနက္ႀကီးေတြ ရွိေၾကာင္း သက္ေသျပႏိုင္ခဲ့လို႔ အခုလို ႏိုဘယ္ဆု ခ်ီးျမႇင့္ခံရတာပါ။ သူက ဒီႏွစ္ ႐ူပေဗဒ ႏိုဘယ္ဆုရဲ႕ ထက္ဝက္ကို ရရွိမွာျဖစ္ပါတယ္။ က်န္တဲ့ ႏိုဘယ္ဆုရဲ႕ တစ္ဝက္ကိုေတာ့ ဂ်ာမန္ လူမ်ိဳး Reinhard Genzel နဲ႔ အေမရိကန္က Andrea Ghez တို႔က ရရွိခဲ့ပါတယ္။ သူတို႔ႏွစ္ဦးက ဂယ္လက္ဆီ အလင္းတန္း ဗဟိုခ်က္မွာ ရွိတဲ့ ႀကီးမားက်ယ္ျပန္႔လြန္းတဲ့ တြင္းနက္ႀကီး တစ္ခု ကို ရွာေဖြ ေတြ႕ရွိခဲ့ၾကတာ ျဖစ္ပါတယ္။

SEE ALSO: ေဆးပညာရပ္ဆိုင္ရာႏိုဘယ္ဆု Hepatitis C ပိုးေလ့လာခဲ့သူ ပညာရွင္သံုးဦးရရွိ

Penrose က အာကာသ တြင္းနက္ေတြရွိေၾကာင္း ၁၉၆၅ ခုႏွစ္ကတည္းက သခ်ၤာနည္းတဲ့ သက္ေသျပထားခဲ့ ေပမယ့္ ၁၉၉၀ ခုႏွစ္မွာမွ Genzel နဲ႔ Ghez တို႔က နကၡတၱေဗဒ ပညာရွင္ အုပ္စုတစ္ခုစီကို ဦးေဆာင္ၿပီး Milky Way ဂယ္လက္ဆီ ဗဟိုက ဖုန္မႈန္႔ေတြနဲ႔ ဖုန္းကြယ္ေနတဲ့ အာကာသ တြင္းနက္ႀကီးကို ေတြ႕ရွိၿပီး သက္ေသျပခဲ့တာ ျဖစ္ပါတယ္။

႐ူပေဗဒ ႏိုဘယ္ဆုအျဖစ္ ေ႐ႊတံဆိပ္နဲ႔ အေမရိကန္ ေဒၚလာ ၁.၁ သန္းကို ဆြီဒင္ ေတာ္ဝင္ အကယ္ဒမီက ေပးအပ္မွာ ျဖစ္ပါတယ္။

မေန႔ တနလၤာေန႔က ေဆးပညာ ဆိုင္ရာ ႏိုဘယ္ဆုရွင္ေတြကို ႏိုဘယ္ဆုေပးေရး ေကာ္မတီက ေၾကညာခဲ့ၿပီး ျဖစ္ပါတယ္။ ေနာက္ရက္ေတြမွာေတာ့ ဓါတုေဗဒ၊ စာေပ၊ ၿငိမ္းခ်မ္းေရးနဲ႔ စီးပြားေရး ဆိုင္ရာ ႏိုဘယ္ဆုေတြကို ဆက္လက္ ေၾကညာသြားဖို႔ ရွိပါတယ္။

Your browser doesn’t support HTML5

႐ူပေဗဒႏိုဘယ္ဆု အာကာသတြင္းနက္ေလ့လာသူသံုးဦး ရရွိ

[Unicode Version]

ရူပဗေဒနိုဘယ်ဆု အာကာသတွင်းနက်လေ့လာသူသုံးဦး ရရှိ

၂၀၂၀ ခုနှစ်အတွက် ရူပဗေဒ နိုဘယ် ဆုရှင် ၃ ဦးကို ဆွီဒင် တော်ဝင် အကယ်ဒမီကနေ ဒီကနေ့ အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။ အာကာသ ထဲက တွင်းနက်ကြီးတွေနဲ့ပတ်သက်လို့ ကမ္ဘာသူ၊ ကမ္ဘာသားတွေ ပိုမို နားလည်အောင် ရှာဖွေ လေ့လာ သက်သေပြနိုင်ခဲ့လို့ သူတို့ကို အခုလို နိုဘယ်ဆုချီးမြှင့်ခံတာလို့လည်း ဆွီဒင် တော်ဝင် အကယ်ဒမီက Goran Hansson က ပြောပါတယ်။

ဗြိတိန် သိပ္ပံ ပညာရှင် Roger Penrose က Albert Einstein ရဲ့ နှိုင်းယှဉ်မှု သီအိုရီအပေါ် အခြေခံပြီး သင်္ချာနည်းနဲ့ အာကာသတွင်းနက်ကြီးတွေ ရှိကြောင်း သက်သေပြနိုင်ခဲ့လို့ အခုလို နိုဘယ်ဆု ချီးမြှင့်ခံရတာပါ။ သူက ဒီနှစ် ရူပဗေဒ နိုဘယ်ဆုရဲ့ ထက်ဝက်ကို ရရှိမှာဖြစ်ပါတယ်။ ကျန်တဲ့ နိုဘယ်ဆုရဲ့ တစ်ဝက်ကိုတော့ ဂျာမန် လူမျိုး Reinhard Genzel နဲ့ အမေရိကန်က Andrea Ghez တို့က ရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးက ဂယ်လက်ဆီ အလင်းတန်း ဗဟိုချက်မှာ ရှိတဲ့ ကြီးမားကျယ်ပြန့်လွန်းတဲ့ တွင်းနက်ကြီး တစ်ခု ကို ရှာဖွေ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

SEE ALSO: ဓါတုေဗဒ ႏုိဘယ္လ္ဆု Lithium-ion ဘက္ထရီ တီထြင္သူ ၃ ဦးရရွိ

Penrose က အာကာသ တွင်းနက်တွေရှိကြောင်း ၁၉၆၅ ခုနှစ်ကတည်းက သင်္ချာနည်းတဲ့ သက်သေပြထားခဲ့ ပေမယ့် ၁၉၉၀ ခုနှစ်မှာမှ Genzel နဲ့ Ghez တို့က နက္ခတ္တဗေဒ ပညာရှင် အုပ်စုတစ်ခုစီကို ဦးဆောင်ပြီး Milky Way ဂယ်လက်ဆီ ဗဟိုက ဖုန်မှုန့်တွေနဲ့ ဖုန်းကွယ်နေတဲ့ အာကာသ တွင်းနက်ကြီးကို တွေ့ရှိပြီး သက်သေပြခဲ့တာ ဖြစ်ပါတယ်။

ရူပဗေဒ နိုဘယ်ဆုအဖြစ် ရွှေတံဆိပ်နဲ့ အမေရိကန် ဒေါ်လာ ၁.၁ သန်းကို ဆွီဒင် တော်ဝင် အကယ်ဒမီက ပေးအပ်မှာ ဖြစ်ပါတယ်။

မနေ့ တနင်္လာနေ့က ဆေးပညာ ဆိုင်ရာ နိုဘယ်ဆုရှင်တွေကို နိုဘယ်ဆုပေးရေး ကော်မတီက ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ နောက်ရက်တွေမှာတော့ ဓါတုဗေဒ၊ စာပေ၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး ဆိုင်ရာ နိုဘယ်ဆုတွေကို ဆက်လက် ကြေညာသွားဖို့ ရှိပါတယ်။