ဒြပ်ဆွဲလှိုင်းရှာဖွေသူ သိပ္ပံပညာရှင် ၃ ဦး ရူပဗေဒနိုဘဲလ်ဆုရရှိ

ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုရှင်တွေအဖြစ် သိပ္ပံပညာရှင်တွေ ဖြစ်ကြတဲ့ Rainer Weiss၊ Barry Barish နဲ့ Kip Thorne

ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုရှင်တွေအဖြစ် သိပ္ပံပညာရှင်တွေ ဖြစ်ကြတဲ့ Rainer Weiss၊ Barry Barish နဲ့ Kip Thorne တို့ကို ရွေးချယ်လိုက်ပါတယ်။ Gravitational Waves ဒြပ်ဆွဲလှိုင်းတွေကို ရှာဖွေတွေ့ရှိမှုအတွက် ချီးမြှင့်လိုက်တာပါ။

အမေရိကန်ဒေါ်လာ ၁ သန်း ၁ သိန်း ချီးမြှင့်မယ့် ရူပဗေဒ နိုဘဲလ်ဆုရှင်တွေကိုတော့ ဒီကနေ့ အင်္ဂါနေ့မှာပဲ ဆွီဒင်တော်ဝင် သိပ္ပံအသင်းကြီးက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ရူပဗေဒပညာရှင် Albert Einstein ရဲ့ နှိုင်းရ သီအိုရီက ကြိုတင်ဟောကိန်းထုတ်ခဲ့ဖူးတဲ့ ဒြပ်ဆွဲအားလှိုင်းတွေ တည်ရှိနေကြောင်းကိုတော့ မကြာသေးခင်ကမှ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြတာပါ။

ဆုချီးမြှင့်ခံခဲ့ရသူ သိပ္ပံပညာရှင် ၃ ဦးဟာ ဆွဲငင်းအားလှိုင်းတွေကို စောင့်ကြည့်တိုင်းတာခဲ့တဲ့ လေဆာရောင်ခြည်သုံး ဒြပ်ဆွဲလှိုင်း စောင့်ကြည့်လေ့လာရေးဌာန ( LIGO ) ရဲ့ လေ့လာတွေ့ရှိချက်တွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ကြတာပါ။ အာကာသထဲက Black Holes လို့ခေါ်တဲ့ တွင်းနက်ကြီး ၂ ခု တိုက်မိရာက ကြီးမားတဲ့ တွင်းနက်ကြီးတခုအဖြစ် ပေါင်းစည်းမိချိန်မှာ ထွက်ပေါ်လာတဲ့ လှိုင်းတွေကို ကမ္ဘာပေါ်ကနေ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၅ ခုနှစ်မှာ LIGO သုတေသနဌာနက စမ်းသပ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဒြပ်ဆွဲလှိုင်းရှာဖွေသူ သိပ္ပံပညာရှင် ၃ ဦး ရူပဗေဒနိုဘဲလ်ဆုရရှိ