အီစတာဝတ်ပြုပွဲ ဗာတီကန်မှာ ပရိသတ်မပါဘဲ ပုပ်ရဟန်းမင်း ဦးဆောင်ကျင်းပ

ပုပ်ရဟန်းမင်းကြီး Francis. (ဧပြီ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နေ့တနေ့ဖြစ်တဲ့ အီစတာပွဲတော် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ဦးဆောင်ပြီး ဗာတီကန်မြို့က St. Peter ဘုရားကျောင်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ပုံမှန်အားဖြင့်တော့ St. Peter ရင်ပြင်မှာကျင်းပတဲ့ အီစတာပွဲတော် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ကမ္ဘာတဝှမ်းက ခရစ်ယာန်ဘာသာဝင်တွေ သိန်းနဲ့ချီပြီး တက်ရောက်တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဒီဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို လူထုတွေကို တက်ရောက်ခွင့်မပေးဘဲ ဝတ်ပြုဆုတောင်းပွဲကိုလည်း ဘုရားကျောင်းအတွင်းမှာပဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

SEE ALSO: ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်း အီစတာပွဲတော်တွေ တခမ်းတနား မကျင်းပနိုင်

“ဒီကနေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံလိုက်ရလို့ သေဆုံးခဲ့တဲ့သူတွေ၊ နေမကောင်းဖြစ်ခဲ့တဲ့သူတွေနဲ့ မိသားစုဝင်တွေ အပါအဝင် ကိုယ်ချစ်တဲ့ခင်တဲ့ သူတွေကို ဆုံးရှုံးလိုက်ရတဲ့သူတွေအတွက် ဆုတောင်းမေတ္တာ ပို့သနေပါတယ်” လို့ ပုပ်ရဟန်းမင်းကြီး Francis ပြောသွားတာပါ။

ဒီဝတ်ပြုဆုတောင်းပွဲကို ကမ္ဘာတဝှမ်းက ခရစ်ယာန်ဘာသာဝင်တွေ ကြည့်ရှုနိုင်ဖို့အတွက် ဗာတီကန်ကနေ ထုတ်လွှင့်ပေးခဲ့တာဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တွေ အတော်များများဟာလည်း အင်တာနက် အွန်လိုင်းကနေပဲ ဝတ်ပြုဆုတောင်းပွဲကို ကြည့်ရှုခဲ့ကြပါတယ်။

Your browser doesn’t support HTML5

အီစတာဝတ်ပြုပွဲ ဗာတီကန်မှာ ပရိသတ်မပါဘဲ ပုပ်ရဟန်းမင်း ဦးဆောင်ကျင်းပ

----------------------------------

(Unicode)





SEE ALSO: ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၁.၇ သန်း ကျော်သွားပြီ
