ပရီးမီးယားလိဂ်ပွဲတွေ ပြန်စနိုင်ဖို့ ဆွေးနွေး

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် အသွားအလာ ကန့်သတ်ထားသည့် နေရာတခု။ (ဧပြီ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို ပြန်စနိုင်ဖို့အတွက် အသင်းတွေနဲ့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေ သောကြာနေ့က ဆွေးနွေးခဲ့ကြပါတယ်။

အသင်းတွေအကုန်လုံးကတော့ အခုနှစ် ဘောလုံးရာသီ ပြီးဆုံးအောင် ကစားဖို့ သဘောတူထားကြပေမယ့် ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အစိုးရက လူတွေကို အပြင်မထွက်ဖို့ အမိန့်ဆက်ပြီး ထုတ်ထားတဲ့အတွက် ဘယ်တော့ပြန်စနိုင်မယ် ဆိုတာကို မဆုံးဖြတ်နိုင်သေးဘဲ ပွဲတွေပြန်စဖို့ ဖြစ်နိုင်ချေ နည်းလမ်းတွေကိုပဲ ဆွေးနွေးခဲ့ကြပါတယ်။

SEE ALSO: ချန်ပီယံလိဂ်ပွဲတွေ သြဂုတ် ၂၉ ကစားနိုင်ဖို့ စီစဉ်နေ

အမေရိကန်က နာမည်ကြီး NBA ဘတ်စ်ကက်ဘော ပြိုင်ပွဲတွေကို ပြန်စနိုင်ဖို့ အတွက်ကတော့ အချိန်သတ်မှတ်ထားတာ မရှိဘူူးလို့ NBA အမျိုးသားဘတ်စ်ကက်ဘော အဖွဲ့ချုပ်က ပြောပါတယ်။

ပြိုင်ပွဲတွေကို ပြန်စနိုင်ဖို့နဲ့ ဘယ်တော့နောက်ဆုံးထားပြီး ပြန်စမလဲဆိုတာ ဆုံးဖြတ်သွားဖို့လည်း မနီးစပ်သေးဘူးလို့ NBA အကြီးအကဲက ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့မှာ Utah Jazz အသင်းက ကစားသမားတဦးဖြစ်သူ Rudy Gobert မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာ တွေ့ရှိပြီးကတည်းက NBA ပွဲစဉ်တွေကို ရပ်နားထားတာပါ။

Your browser doesn’t support HTML5

ပရီးမီးယားလိဂ်ပွဲတွေ ပြန်စနိုင်ဖို့ ဆွေးနွေး

----------------------------------

(Unicode)




SEE ALSO: ပရီးမီးယားလိဂ်ပွဲတွေ COVID-19 အန္တရာယ်ကင်းမှ ပြန်စမယ်


