သမ္မတဟောင်း Jackson ရုပ်ထုဖျက်ဆီးဖို့ ကြိုးပမ်းသူတွေကို ရဲက တားဆီး

Your browser doesn’t support HTML5

သမ္မတအိမ်ဖြူတော်ဘေးက ပန်းခြံထဲမှာ သမ္မတ ဟောင်း Andrew Jackson ရဲ့ ရုပ်တုကို တနင်္လာနေ့က ဖြိုချဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို ဝါရှင်တန်ရဲတပ်ဖွဲ့က အင်အားသုံးဖယ်ရှားခဲ့ပါတယ်။ Lafayette ရင်ပြင်မှာဆန္ဒပြနေကြတဲ့လူအုပ်ကြီးက Jackson ရုပ်တုကို ကြိုးတွေနဲ့ တုပ်ပြီး ဖြိုချဖို့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။