အမျိုးသမီးသတင်းထောက် လေးဦးကို သတင်းလွတ်လပ်ခွင့်ဆု CPJ ချီးမြှင့်

သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ ရဲ့ ၂၀၂၄ သတင်းလွတ်လပ်ခွင့်ဆုရ ဗွီအိုအေ Radio Free Eruope/Radio Liberty in Prague ဌာနခွဲက Alsu Kurmasheva

အမျိုးသမီးသတင်းထောက် ၄ ဦးကို သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJက ၂၀၂၄ အတွက်နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် ဆု ချီးမြှင့်လိုက်ပါတယ်။

ရုရှားမှာအဖမ်းခံရပြီး သြဂုတ်လ အကျဉ်းသားလဲလှယ်ရေးအစီအစဥ်နဲ့ ပြန်လွတ်လာတဲ့ VOA ရဲ့ Radio Free Europe/Radio Liberty in Prague ဌာခွဲက အယ်ဒီတာ Alsu Kurmasheva လည်း သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ခံရပါတယ်။ နောက် ၃ ဦးကတော့ ပါလက်စတိုင်း သတင်းထောက် Shrouq Al Aila ၊ ဂွာတီမာလာ သတင်းထောက် Quimy de León နဲ့ နိုင်ဂျေးက သတင်းထောက် Samira Sabou တို့ ဖြစ်ကြောင်း CPJ က စက်တင်ဘာ ၁၉ ရက်မှာ ကြေညာပါတယ်။

CPJ က ချီးမြှင့်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုဟာ သတင်းမှန်ဖေါ်ထုတ်ဖို့ ရောက်ရာအရပ်ကနေ အပြင်းအထန်ကြိုးပမ်းကြတဲ့ သတင်းသမားတွေကို ဂုဏ်ပြုတဲ့ဆုဖြစ်ကြောင်း CPJ အကြီးအကဲ Jodie Ginsberg က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ ဒါ့အပြင် ၂၀၂၄ ဟာ သတင်းသမားတွေနဲ့ သတင်းလွတ်လပ်ခွင့်အတွက် စိတ်ပျက်စရာကောင်းတဲ့နှစ်ဖြစ်ပြီး သူတို့နဲ့ အတူရပ်တည် ရတာကို ဂုဏ်ယူကြောင်းပြောပါတယ်။

ပါလက်စတိုင်းသတင်းထောက် Al Aila ဟာ အစ္စရေး- ဟာမတ်စ်စစ်ပွဲသတင်းတွေကို ဂါဇာကနေ တင်ပြနေတာဖြစ်ပြီးအခုဆို ၁၁ လ ကြာလာပြီဖြစ်တဲ့ ဒီစစ်ပွဲအတွင်း သတင်းသမား ၁၁၆ ယောက်ထက် မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။ဂွာတီမာလာက de León ကတော့ သူ့ရဲ့ သဘာဝဝန်းကျင်နဲ့ လူ့အခွင့်ရေးဆိုင်ရာ သတင်းတွေကြောင့် အစိုးရနဲ့ကော်ပိုရေးရှင်းကြီးတွေရဲ့ ခြိမ်းခြောက်မှုခံနေရသလို နိုင်ဂျေးက ဘလော့ဂါများ အသင်းဥက္ကဋ္ဌ Sabou ဟာလည်းအစိုးရကို ဝေဖန်မှုနဲ့ အဖမ်းဆီးခံရသလို တရားရေးခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

နယ်စည်းမခြားသတင်းသမားများ အဖွဲ့မှာ ညွှန်ချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကွယ်လွန်သူ Christophe Deloire ကိုလည်းCPJ က ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ ဆုချီးမြှင့်ပွဲကို CPJ က လာမယ့် နိုဝင်ဘာလ ၂၁ ရက်မှာ နယူးရောက်မှာ ကျင်းပမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အမျိုးသမီးသတင်းထောက် လေးဦးကို သတင်းလွတ်လပ်ခွင့်ဆု CPJ ချီးမြှင့်