အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းဟာ ပိုဆိုးလာနေပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အား နည်းတာ၊ ပဋိပက္ခတွေကို တားဆီ ထိန်းချုပ် ဖြေရှင်းနိုင်စွမ်း မရှိတာတွေကြောင့်ဖြစ်တယ်လို့ ဒုက္ခသည်အရေး ကုလသမဂ္ဂ အကြီး အကဲကပြောလိုက်ပါတယ်။
ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်နိုင်စွမ်းမရှိ ဖြစ်လာပြီလားလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မေးခွန်းထုတ်ပါတယ်။ လုံခြုံရေးကောင်စီဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိုထိန်းသိမ်းဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းပါ။
ပဋိပက္ခအသစ်တွေ ဆက်တိုက်ဖြစ်လာတာကနေ ကမ္ဘာပေါ်က နေရာတိုင်းလိုလိုမှာ လူအများအပြား အိုးအိမ်စွန့်ထွက်ပြေးရတဲ့ အခြေအနေ ရောက်ခဲ့တယ်လို့ မစ္စတာ Grandi ကပြောပါတယ်။
ကမ္ဘာတဝန်းမှာ ကိုယ့်သဘောနဲ့ကိုယ်မဟုတ်ဘဲ အိုးအိမ်စွန့်ထွက်ပြေးရသူ အရေအတွက်ဟာ အခုဆိုရင် ၆၆ သန်းနား နီးနေပြီလို့ မစ္စတာ Grandi က ကြာသပတေးနေ့မှာ ပြောပါတယ်။ အဲဒီထဲက လူ လေးပုံတပုံဟာ ဆီးရီးယားနဲ့ အီရတ်က စစ်ပွဲတွေကြောင့် ဖြစ်တယ်လို့လဲ သူကပြောပါတယ်။
အဲဒီစစ်ပွဲတွေ ဆက်ဖြစ်နေချိန်မှာပဲ နောက်ထပ် ပဋိပက္ခအသစ်တွေ အစပျိုးလာသလို အဟောင်းတွေကလဲ ပြန်ဖြစ်လာတာ ကြောင့် ပြောမပြနိုင်တဲ့ ဘေးဒုက္ခတွေ ခံစားကြရတာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း ကိုယ့်အိုးအိမ်တွေဆီ ပြန်သွားနိုင်တဲ့ ဒုက္ခသည် အရေအတွက်ဟာ သန်းဝက်လောက်ပဲရှိခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေးကြတဲ့ အကျပ်အတည်းဟာလဲ ကမ္ဘာပေါ်မှာ အမြန်ဆုံးနှုန်းနဲ့ ကြီးထွားလာနေတဲ့ ဒုက္ခသည်ဆိုင်ရာအရေးပေါ်အခြေအနေတခု ဖြစ်နေပြီလို့ Filippo Grandi က ပြောသွားပါတယ်။
Your browser doesn’t support HTML5
ကမ္ဘာတလွှား နေရပ်စွန့်ဒုက္ခသည် သန်း ၆၀ ကျော်