ရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှု လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ ဝန်ကြီး Pompeo ကို ပန်ကြား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူသားမဆန်စွာ ကျူးလွန်မှုဟာ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သတ်မှတ်ခေါ်ဆိုဖို့ ပန်ကြားလွှာမှာ NGO နဲ့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့ပေါင်း ၅၀ ကျော်က ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ Refugees International အဖွဲ့က ပြောကြားလိုက်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုလို့ပြောလိုက်လို့ ဝေါဟာရသတ်မှတ်ရာ ရောက်သွားရုံတင် မဟုတ်ဘဲ တာဝန်ရှိသူတွေ တာဝန်ခံနိုင်ရေး ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပိုပြီးအားဖြည့်ပေးလိုက်ရာရောက်တဲ့ အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ Refugees International အဖွဲ့ရဲ့လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းစည်းရုံးလှုပ်ရှားသူ Daniel Sullivan က ကြေညာချက်ထဲမှာ ပြောထားပါတယ်။

SEE ALSO: ရိုဟင်ဂျာဒုက္ခသည်ကယ်ဆယ်တဲ့ အင်ဒိုနီးရှားကို ကန် ချီးကျူး 

အရေးယူဆောင်ရွက်မှုတွေ မလုပ်ရင် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် မေ ျှာ်လင့်ချက် မရှိသလောက်ဖြစ်ပြီး မြန်မာနိုင်ငံထဲမှာ ရှိနေသူတွေအတွက်လည်း လူမျိုးတုံး သတ်ဖြတ်ခံရဖို့ အန္တရာယ် ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

Refugees International ရဲ့ Website ပေါ်မှာ ပါဝင်လက်မှတ်ထိုးနိုင်တဲ့ ပန်ကြားလွှာထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ ဦးဆောင်မှုဟာ အရေးကြီးပြီး ကျင့်ဝတ်သိက္ခာပိုင်းကနေ ဦးဆောင်မှုရှိတယ်၊ လူမျိုးတုံး သတ်ဖြတ်မှုအပေါ် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေကို အားပေးတယ်ဆိုတာ ပြသဖို့ တောင်းဆိုပါတယ်လို့ ရေးသားထားပါတယ်။

စုပေါင်းလက်မှတ်ထိုးထားတဲ့ ဒီပန်ကြားလွှာကို သြဂုတ်လ ၂၅ ရက်နေ့ကျရင် Refugees International က နိုင်ငံခြားရေးဝန်ကြီး Pompeo ဆီကိုပေးပို့မှာဖြစ်ပါတယ်။

ပန်ကြားလွှာမှာ ပါဝင်လက်မှတ်ထိုးထားကြတဲ့ အဖွဲ့တွေထဲမှာ Fortify Rights, Robert F. Kennedy Human Rights, HIAS, Christian Solidarity Worldwide တို့အပြင် လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ အဖွဲ့ အများအပြားနဲ့ လက်မှတ်ပေါင်း ထောင်ချီရရှိထားတယ်လို့ Refugees International အဖွဲ့ကပြောထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံတဲ့ မြန်မာအစိုးရကတော့ လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ပြင်းပြင်းထန်ထန် ပယ်ချထားပါတယ်။

[Unicode Version]




SEE ALSO: Bhashan Char ကျွန်းပေါ်က ဒုက္ခသည်တွေ မြန်မာပြည်ပြန်မှ ထွက်ခွင့်ပြုမယ် - ဘင်္ဂလားဒေ့ရှ်



