ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ ၅ ကြိမ်မြောက်သမ္မတရာထူး စတင်ယူလိုက်တဲ့အချိန်မှာပဲ သူ့ရဲ့အစိုးရဝန်ကြီးအဖွဲ့မှာ ရာထူး အပြောင်းအလဲတွေစပြီးဆောင်ရွက်လာပါတယ်။
ကာကွယ်ရေးဝန်ကြီး Sergei Shoigu နေရာမှာအစားထိုးဖို့ အကြံပြုထားပါတယ်။ ရုရှားရဲ့ တည်ဆဲဥပဒေအရ သမ္မတပူတင်ကျမ်းသစ္စာကျိန်ဆိုတဲ့ အင်္ဂါနေ့မှာပဲ ဝန်ကြီးအားလုံး နုတ်ထွက်ရပါတယ်။ ဝန်ကြီးအများစုကတော့ သူတို့ရာထူးတွေပြန်လည်ပေးအပ်ခံရဖို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားကြတာဖြစ်ပါတယ်။
Shoigu ကို ရုရှားနိုင်ငံတော်လုံခြုံရေးကောင်စီအတွင်းရေးမှူးအဖြစ် ခန့်အပ်တဲ့ ကြေညာချက်ကို ပူတင်က တနင်္ဂနွေနေ့မှာပဲ လက်မှတ်ထိုးခဲ့တယ်လို့ ရုရှားအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် Shoigu နေရာမှာ Andrei Belousov ကို သမ္မတပူတင်က အကြံပြုကြောင်း ကြေညာချက်ထွက်လာပြီးမကြာခင်မှာပဲ ဒီခန့်အပ်ချက်ထွက်လာတာပါ။ ပြီးခဲ့တဲ့လကပဲ Shoigu ရဲ့ လက်ထောက်တယောက် လာဘ်ပေးလာဘ်ယူမှုစွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရပြီး တရားဝင်စုံစမ်းစစ်ဆေးမှုလုပ်ဖို့စောင့်ဆိုင်းနေချိန်မှာ အကျဥ်းချခံထားရတာပါ။
ကာကွယ်ရေးဝန်ကြီးအဖြစ် နာမည်စာရင်းတင်သွင်းထားတဲ့ Belousov ကိုတော့ ရုရှား အထက်လွှတ်တော်၊ Federation Council ကအတည်ပြုရဦးမှာဖြစ်ပါတယ်။ အခြားအစိုးရဝန်ကြီးနေရာအတွက် သမ္မတပူတင်က မိတ်ဆက်တင်ပြတာမျိုးရှိခဲ့ပြီး Shoigu ကတော့အစားထိုးဖို့ နာမည်တင်သွင်းခံရတဲ့တဦးတည်းသော ဝန်ကြီးဖြစ်တယ်လို့လည်း သတင်းတွေထွက်လာပါတယ်။
Your browser doesn’t support HTML5