႐ုရွားအေရွ႕ပိုင္း Khabarovsk ၿမိဳ႕ Putin ဆန္႔က်င္ေရး ဆႏၵျပမႈျဖစ္ပြား

႐ုရွားႏိုင္ငံ Khabarovsk ၿမိဳ႕က သမၼတ Putin ဆန္႔က်င္ဆႏၵျပပြဲ။ (ဇူလုိင္ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

႐ုရွားႏိုင္ငံ အေရွ႕ဖ်ားေဒသက Khabarovsk ၿမိဳ႕မွာ ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြက လူႀကိဳက္မ်ားတဲ့ အုပ္ခ်ဳပ္ေရးမွဴး Sergei Furgal ရာထူးက ထုတ္ပယ္ခံရၿပီး လူသတ္မႈနဲ႔ တရားစြဲခံေနရတာကို ကန္႔ကြက္တဲ့အေနနဲ႔ ဇူလိုင္လ ၂၅ ရက္ေန႔မွာ တတိယေျမာက္ သီတင္းပတ္ကုန္ ဆက္လက္ ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပသူတခ်ဳိ႕က ႐ုရွားသမၼတ Vladimir Putin ႏုတ္ထြက္ဖို႔ ေတာင္းဆိုသလို တခ်ိဳ႕ကလည္း အသစ္ခန္႔အပ္ခံရတဲ့ အုပ္ခ်ဳပ္ေရးမွဴးကို ႐ႈတ္ခ်တဲ့ ပိုစတာေတြကို ကိုင္ၿပီး ဆႏၵျပၾကပါတယ္။

SEE ALSO: သမၼတပူတင္ သက္ဆိုးရွည္ေစမယ့္ ဖြဲ႔စည္းပုံအသစ္ကို အတည္ျပဳ

Khabarovsk ၿမိဳ႕ ျမဴနီစီပယ္အဖြဲ႔က ဇူလိုင္လ ၂၅ ရက္ေန႔မွာ စု႐ုံး ဆႏၵျပသူ ၆,၅၀၀ ေလာက္ရွိတယ္လို႔ ေျပာေပမယ့္ ဆႏၵျပပြဲကို ဦးေဆာင္က်င္းပသူေတြနဲ႔ သတင္းသမားေတြကေတာ့ လူ ၅၀,၀၀၀ ေက်ာ္ ဆႏၵျပခဲ့တာလို႔ ေျပာတာေၾကာင့္ ၁၉၉၁ ခုႏွစ္ ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲၿပီးေနာက္ပိုင္း အႀကီးမားဆုံး လူထုဆႏၵျပပြဲ ျဖစ္ခဲ့ပါတယ္။

ေဒသအုပ္ခ်ဳပ္ေရးမွဴး Sergei Furgal ကို ရာဇဝတ္ျပစ္မႈနဲ႔ ထုတ္ပယ္ပစ္တာက အေထာက္အထား မခိုင္လုံဘူးလို႔ ဆႏၵျပသူေတြက ယူဆၾကၿပီး သူ႔ကို တရားစစ္ေဆးတာကိုလည္း ေမာ္စကိုၿမိဳ႕မွာ မလုပ္ဘဲ Khabarovsk ၿမိဳ႕မွာပဲ လုပ္ဖို႔ ေတာင္းဆိုေနၾကတာပါ။

အုပ္ခ်ဳပ္ေရးမွဴး Furgal ဟာ ဇူလိုင္လ ၉ ရက္ေန႔က ဖမ္းဆီးခံခဲ့ရတာပါ။ သူဟာ ေမာ္စကိုၿမိဳ႕ကို လႊဲေျပာင္းခံရၿပီး လူသတ္ရန္ႀကံစည္မႈ တမႈ၊ ၂၀၀၄ နဲ႔ ၂၀၀၅ ခုႏွစ္ေတြမွာ လူသတ္ဖို႔ အမိန္႔ေပးခဲ့တယ္ဆိုတဲ့ အမႈႏွစ္မႈနဲ႔ စြဲခ်က္တင္ ခံေနရပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္က Furgal ဟာ အမ်ိဳးသားေရးဝါဒီ Vladimir Zhirinovsky ရဲ႕ ႐ုရွား လစ္ဘရယ္ ဒီမိုကရက္တစ္ပါတီ LDPR ကေန ေရြးေကာက္ခံရတဲ့ အုပ္ခ်ဳပ္ေရးမွဴး ျဖစ္ပါတယ္။

႐ုရွားသမၼတ Putin က သူ႔ကို ဇူလိုင္လ ၂၀ ရက္ေန႔မွာ ရာထူးက တရားဝင္ ဖယ္ရွားလိုက္ၿပီး LDPR ပါတီဝင္တဦးျဖစ္သူ Mikhail Degtyaryov ကို ယာယီ အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ ခန္႔အပ္ခဲ့ပါတယ္။

Your browser doesn’t support HTML5

႐ုရွားအေရွ႕ပိုင္း Khabarovsk ၿမိဳ႕ Putin ဆန္႔က်င္ေရး ဆႏၵျပမႈျဖစ္ပြား

----------------------------------

(Unicode)

ရုရှားအရှေ့ပိုင်း Khabarovsk မြို့ Putin ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်ပွား

ရုရှားနိုင်ငံ အရှေ့ဖျားဒေသက Khabarovsk မြို့မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက လူကြိုက်များတဲ့ အုပ်ချုပ်ရေးမှူး Sergei Furgal ရာထူးက ထုတ်ပယ်ခံရပြီး လူသတ်မှုနဲ့ တရားစွဲခံနေရတာကို ကန့်ကွက်တဲ့အနေနဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ တတိယမြောက် သီတင်းပတ်ကုန် ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတချို့က ရုရှားသမ္မတ Vladimir Putin နုတ်ထွက်ဖို့ တောင်းဆိုသလို တချို့ကလည်း အသစ်ခန့်အပ်ခံရတဲ့ အုပ်ချုပ်ရေးမှူးကို ရှုတ်ချတဲ့ ပိုစတာတွေကို ကိုင်ပြီး ဆန္ဒပြကြပါတယ်။

SEE ALSO: သမၼတပူတင္ အာဏာတည္ၿမဲေစမယ့္ ရုရွားဖြဲ႔စည္းပုံအသစ္ ျပည္သူအမ်ားစုေထာက္ခံဟုဆုိ

Khabarovsk မြို့ မြူနီစီပယ်အဖွဲ့က ဇူလိုင်လ ၂၅ ရက်နေ့မှာ စုရုံး ဆန္ဒပြသူ ၆,၅၀၀ လောက်ရှိတယ်လို့ ပြောပေမယ့် ဆန္ဒပြပွဲကို ဦးဆောင်ကျင်းပသူတွေနဲ့ သတင်းသမားတွေကတော့ လူ ၅၀,၀၀၀ ကျော် ဆန္ဒပြခဲ့တာလို့ ပြောတာကြောင့် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း အကြီးမားဆုံး လူထုဆန္ဒပြပွဲ ဖြစ်ခဲ့ပါတယ်။

ဒေသအုပ်ချုပ်ရေးမှူး Sergei Furgal ကို ရာဇဝတ်ပြစ်မှုနဲ့ ထုတ်ပယ်ပစ်တာက အထောက်အထား မခိုင်လုံဘူးလို့ ဆန္ဒပြသူတွေက ယူဆကြပြီး သူ့ကို တရားစစ်ဆေးတာကိုလည်း မော်စကိုမြို့မှာ မလုပ်ဘဲ Khabarovsk မြို့မှာပဲ လုပ်ဖို့ တောင်းဆိုနေကြတာပါ။

အုပ်ချုပ်ရေးမှူး Furgal ဟာ ဇူလိုင်လ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။ သူဟာ မော်စကိုမြို့ကို လွှဲပြောင်းခံရပြီး လူသတ်ရန်ကြံစည်မှု တမှု၊ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ လူသတ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုတဲ့ အမှုနှစ်မှုနဲ့ စွဲချက်တင် ခံနေရပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က Furgal ဟာ အမျိုးသားရေးဝါဒီ Vladimir Zhirinovsky ရဲ့ ရုရှား လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ LDPR ကနေ ရွေးကောက်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။

ရုရှားသမ္မတ Putin က သူ့ကို ဇူလိုင်လ ၂၀ ရက်နေ့မှာ ရာထူးက တရားဝင် ဖယ်ရှားလိုက်ပြီး LDPR ပါတီဝင်တဦးဖြစ်သူ Mikhail Degtyaryov ကို ယာယီ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။