(Zawgyi / Unicode)
႐ုရွားႏုိင္ငံမွာ စက္တင္ဘာလ ၁၃ ရက္ တနဂၤေႏြေန႔မွာ ေဒသဆိုင္ရာ ေရြးေကာက္ပြဲေတြအတြက္ လူကိုယ္တုိင္ မဲေပးမႈကို ေဒသ ၄၁ ခုအတြက္ စတင္က်င္းပခဲ့ပါတယ္။
ေရွ႕ႏွစ္ထဲက်င္းပမယ့္ လႊတ္ေတာ္ေရြးေကာက္ပြဲေတြ မတိုင္ခင္ က်င္းပတဲ့ ေဒသဆိုင္ရာ ေရြးေကာက္ပြဲြဟာ လူထုၾကား ေရပန္းသိပ္မစားလွတဲ့ အာဏာရ United Russia ပါတီအတြက္ အေရးပါတဲ့ စမ္းသပ္မႈတခုအျဖစ္ အမ်ားက ႐ႈျမင္ေနၾကတာပါ။
ဒီေရြးေကာက္ပြဲမွာ တႏိုင္ငံလံုးရဲ႕ သံုးပံုတပံုေလာက္ျဖစ္တဲ့ လူ ၃၅ သန္းေလာက္ မဲေပးခြင့္ရွိပါတယ္။
SEE ALSO: ႐ုရွားအေရွ႕ပိုင္း Khabarovsk ၿမိဳ႕ Putin ဆန္႔က်င္ေရး ဆႏၵျပမႈျဖစ္ပြားမၾကာေသးခင္က က်င္းပခဲ့တဲ့ ဖြဲ႔စည္းပံုအေျခခံဥပေဒဆိုင္ရာ ျပည္လံုးကၽြတ္ မဲဆႏၵေပးပြဲကေန ႐ုရွားႏိုင္ငံမွာ သမၼတ Vladimir Putin ကို ေနာက္ထပ္ သက္တမ္း ၂ ခု အာဏာဆက္ၿမဲေနေစမွာ ျဖစ္ပါတယ္။ မဲေပးမႈကို ေစာင့္ၾကည့္ေလ့လာဖို႔အတြက္ ဥေရာပေဒသ လံုၿခံဳေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရး အဖြဲ႔ (OSCE) ကိုလည္း ႐ုရွားအစိုးရက မဖိ္တ္ေခၚခဲ့ပါဘူး။
အခုလို ေရြးေကာက္ပြဲက်င္းပဖို႔ တလမျပည့္ခင္ ၾသဂုတ္လ ၂၀ ရက္တုန္းကေတာ့ ႐ုရွားအတိုက္အခံေခါင္းေဆာင္ Alexei Navalny ဟာ အဆိပ္ခတ္ခံခဲ့ရၿပီး အခု သူဟာ ဂ်ာမနီႏုိင္ငံ ဘာလင္ၿမိဳ႕မွာ ေဆးကုသမႈ ခံယူေနရပါတယ္။ သူဟာ ဆိုဗီယက္႐ုရွားေခတ္က ထုတ္တဲ့ အာ႐ုံေၾကာကို ထိခိုက္ေစတဲ့ Novichok အဆိပ္ခတ္ခံရတာျဖစ္ၿပီး ဒါဟာ ႐ုရွားအစိုးရ ေနာက္ကြယ္က ရွိမယ္လို႔ Navalny ကို ေထာက္ခံသူေတြက သံသယရွိေနၾကတာပါ။
႐ုရွားႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွ႔ံမႈ ရွိေနတာေၾကာင့္ အႀကိဳမဲေပးမႈေတြကို ၂ ရက္ႀကိဳၿပီး စက္တင္ဘာ ၁၁ ရက္နဲ႔ ၁၂ ရက္ေန႔ေတြမွာ ျပဳလုပ္ေပးခဲ့တာ ျဖစ္ပါတယ္။
Your browser doesn’t support HTML5
႐ုရွားသမၼတ Putin ပါတီအတြက္ ေဒသဆိုင္ရာ ေရြးေကာက္ပဲြမ်ား အေရးပါတဲ့ အားစမ္းမႈျဖစ္လာ
------------------------
(Unicode)
ရုရှားသမ္မတ Putin ပါတီအတွက် ဒေသဆိုင်ရာ ရွေးကောက်ပွဲများ အရေးပါတဲ့ အားစမ်းမှုဖြစ်လာ
ရုရှားနိုင်ငံမှာ စက်တင်ဘာလ ၁၃ ရက် တနင်္ဂနွေနေ့မှာ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေအတွက် လူကိုယ်တိုင် မဲပေးမှုကို ဒေသ ၄၁ ခုအတွက် စတင်ကျင်းပခဲ့ပါတယ်။
ရှေ့နှစ်ထဲကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေ မတိုင်ခင် ကျင်းပတဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲဟာ လူထုကြား ရေပန်းသိပ်မစားလှတဲ့ အာဏာရ United Russia ပါတီအတွက် အရေးပါတဲ့ စမ်းသပ်မှုတခုအဖြစ် အများက ရှုမြင်နေကြတာပါ။
ဒီရွေးကောက်ပွဲမှာ တနိုင်ငံလုံးရဲ့ သုံးပုံတပုံလောက်ဖြစ်တဲ့ လူ ၃၅ သန်းလောက် မဲပေးခွင့်ရှိပါတယ်။
မကြာသေးခင်က ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်လုံးကျွတ် မဲဆန္ဒပေးပွဲကနေ ရုရှားနိုင်ငံမှာ သမ္မတ Vladimir Putin ကို နောက်ထပ် သက်တမ်း ၂ ခု အာဏာဆက်မြဲနေစေမှာ ဖြစ်ပါတယ်။ မဲပေးမှုကို စောင့်ကြည့်လေ့လာဖို့အတွက် ဥရောပဒေသ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) ကိုလည်း ရုရှားအစိုးရက မဖိတ်ခေါ်ခဲ့ပါဘူး။
SEE ALSO: ရုရွားအတုိက္အခံေခါင္းေဆာင္ Novichok အဆိပ္ခတ္ခံရေၾကာင္း ဂ်ာမနီအတည္ျပဳအခုလို ရွေးကောက်ပွဲကျင်းပဖို့ တလမပြည့်ခင် သြဂုတ်လ ၂၀ ရက်တုန်းကတော့ ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ဟာ အဆိပ်ခတ်ခံခဲ့ရပြီး အခု သူဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဆေးကုသမှု ခံယူနေရပါတယ်။ သူဟာ ဆိုဗီယက်ရုရှားခေတ်က ထုတ်တဲ့ အာရုံကြောကို ထိခိုက်စေတဲ့ Novichok အဆိပ်ခတ်ခံရတာဖြစ်ပြီး ဒါဟာ ရုရှားအစိုးရ နောက်ကွယ်က ရှိမယ်လို့ Navalny ကို ထောက်ခံသူတွေက သံသယရှိနေကြတာပါ။
ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ရှိနေတာကြောင့် အကြိုမဲပေးမှုတွေကို ၂ ရက်ကြိုပြီး စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။