Kursk ဒေသခံတွေ ဘေးလွတ်ရာသွားဖို့ ရုရှားတိုက်တွန်း

ရုရှားနိုင်ငံ Kursk ဒေသထဲက ရုရှားကြက်ခြေနီ ကူညီရေးစင်တာမှာ အထောက်အပံ့တွေရယူနေတဲ့ စစ်ဘေးဒုက္ခသည်များ (ဩဂုတ် ၁၅၊ ၂၀၂၄)

ရုရှားနိုင်ငံ Kursk ဒေသကို ယူကရိန်းတပ်တွေ ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် ဒီဒေသက လူ ၂ သောင်းကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ ရုရှားအာဏာပိုင်တွေက မနေ့ ဗုဒ္ဓဟူးနေ့တုန်းက ကြေညာခဲ့ပါတယ်။ ယူကရိန်းနဲ့ ရုရှားနယ်စပ် Glushkov ခရိုင်ထဲက လူတွေ ပြောင်းရွှေ့တာကို ရဲတွေနဲ့ အာဏာပိုင်တွေက ကြီးကြပ်သွားမှာ ဖြစ်ကြောင်း ယာယီအုပ်ချုပ်ရေးမှူး Alexei Smirnov က Telegram လူမှုကွန်ယက်ကနေတဆင့် ပြောဆိုထားပါတယ်။

ယူကရိန်းဖက်က နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့ကတည်းကဆိုရင် ရုရှားဖက်က လူ ၂ သိန်းလောက် ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားရပြီး ဖြစ်ပါတယ်။ ရုရှားစစ်သား အယောက် ၁ ရာကျော်ကို ယူကရိန်းက အကျဉ်းသားတွေအဖြစ် ဖမ်းထားကြောင်း ယူကရိန်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ် Oleksandr Syrskyi က ပြောပြီး ရုရှားဘက်က ဖမ်းထားတဲ့ ယူကရိန်းစစ်သုံ့ပန်းတွေနဲ့ တဖြည်းဖြည်းချင်း လဲလှယ်သွားမှာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့တရက်ထဲမှာတင် Kursk ဒေသထဲကို မိုင်ဝက်နေ တမိုင်ဝက်လောက်အထိ ယူကရိန်းတပ်တွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နိုင်ခဲ့ပြီး ရုရှားနယ်စပ် Sudzha မြို့က ရုရှားတပ်တွေကိုပါ ရှင်းလင်းနိုင်ခဲ့ကြောင်းလည်း သမ္မတ Zelenskyy က ပြောပါတယ်။

Your browser doesn’t support HTML5

Kursk ဒေသခံတွေ ဘေးလွတ်ရာသွားဖို့ ရုရှားတိုက်တွန်း