မြန်မာ လေမုန်တိုင်းဘေး အကူအညီ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ SAC-M တိုက်တွန်း

ကရင်နီဒေသ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသေဆုံးရှိခဲ့ (စက်တင်ဘာ ၂၀၂၄)

ခုခံတော်လှန်ရေးအဖွဲ့တွေ နဲ့ အရပ်ဘက်အဖွဲ့တွေကတဆင့် မြန်မာနိုင်ငံကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့နဲ့ အဲဒီလိုပေးနိုင်အောင် မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေက သူတို့ နယ်စပ်တွေကိုဖွင့်ပေးကြဖို့မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ SAC-M က တိုက်တွန်းလိုက်ပါတယ်။

ရာဂီမုန်တိုင်းဝင်ခဲ့ပြီးတဲ့နောက် နိုင်ငံတကာအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးယူဆောင်ရွက်ဖို့အပူတပြင်း လိုအပ်နေတယ်လို့ အထူးအကြံပေးကောင်စီက ကြေညာချက်ထုတ်ပြန်ပါတယ်။ ခုခံတော်လှန်ရေးအဖွဲ့တွေဟာ စစ်တပ်ထက် နိုင်ငံအနှံ့မှာ ပို ထိန်းချုပ်ထားနိုင်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အကူအညီတွေပေးရာမှာ ပိုပြီးလည်း အတွေ့အကြုံရှိတယ်လို့ SAC-M က ဆိုပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူသားချင်းစာနာမှုအကျပ်အတည်းကိုစစ်တပ်ကဖန်တီးခဲ့တာဖြစ်ပြီး ဒီ လူသားချင်းစာနာမှုကိစ္စကို အကြောင်းပြုလို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့ရဲ့ စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဥ်တွေအတွက် အသုံးချလိမ့်မယ်လို့လည်း SAC-M က ကျေညာချက်မှာသတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုတုန်းကလည်း ဒီနည်းကိုသုံးခဲ့ပြီး ၂၀၂၃ မိုခါ မုန်တိုင်းတုန်းကလည်း ဒီလိုပဲလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ လေမုန်တိုင်းဘေး အကူအညီ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ SAC-M တိုက်တွန်း