သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ရာဂီ ရေဘေး သေဆုံးသူ ၃၆၀ ကျော်ပြီ (ကုလသမဂ္ဂ UNOCHA)


A woman looks out at flooded areas in Naypyitaw, Myanmar, Sunday, Sept. 15, 2024. (AP Photo/Aung Shine Oo)
နေပြည်တော် တဝိုက် ရေကြီးရေလျှံဖြစ်နေတဲ့ မြင်ကွင်း။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက် (AP Photo/ Aung Shine Oo)

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းဇယားတွေ အရ ရာဂီ မုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ မှာ လူ ၁ ဒသမ ၁ သန်း ဝန်းကျင် ရေလွှမ်းမိုးတဲ့ဒဏ် ခံခဲ့ရတယ်လို့ ပြောပါတယ်။ စက်တင်ဘာ ၂၆ ရက် အထိ စာရင်းတွေ အရ လူ ၃၆၀ ကျော် ရေနစ်သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၁၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခု ရဲ့ ထက်ဝက်ကျော်နဲ့ နေပြည်တော်တို့ ထိခိုက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် နေပြည်တော်တို့မှာ အပြင်းထန်ဆုံး မုန်တိုင်းဒဏ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အလှူရှင်တွေက မြန်မာနိုင်ငံ လူသားချင်းစာနာမှု ရန်ပုံငွေ (MHF) ကို ထပ်ဆောင်း အလှူငွေ အမေရိကန်ဒေါ်လာ ၃ သန်းကျော်ကို ကတိပြုထားကြပြီး ဒါဟာ ဗဟို အရေးပေါ်တုံ့ပြန်ရေးရန်ပုံငွေ ဒေါ်လာ ၄ သန်းအထိ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပေမယ့် အကူအညီတွေ လိုနေဆဲပဲလို့လည်း UNOCHA က ပြောပါတယ်။

ရေဘေးဒဏ်ခံဒေသတွေနဲ့ စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ လူသန်းနဲ့ချီကို ထိထိရောက်ရောက် ကူညီနိုင်ဖို့ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေ ထပ်ဆောင်း ရန်ပုံငွေနဲ့ အကူအညီတွေ အကန့်အသတ်မဲ့ ဝင်ရောက်နိုင်ဖို့က အရေးကြီးတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

တချိန်တည်းမှာပဲ ကရင် အမျိုးသား အစည်းအရုံး (KNU) ရဲ့ စက်တင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်ထဲမှာ KNU နဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း အကူအညီပေးရေး လုပ်ငန်းစဥ်တွေကို အာဏာသိမ်း စစ်ကောင်စီက ပိတ်ပင်နိုင်ကြောင်း နိုင်ငံတကာ အသိုင်းအဝန်းကို သတိပေးထားပါတယ်။

KNU သတ်မှထားတဲ့ ခရိုင် (၇) ခုထဲက မြို့နယ် (၂၀) မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ဒူးသထူ (သထုံ)၊ ခလယ်လွီထူ (ညောင်လေးပင်) နဲ့ တောအူး (တောင်ငူ) ခရိုင်ထဲမှာ အဆိုးရွားဆုံး ခံခဲ့ရပြီး ဒေသခံ လူထု ၃၈၀,၀၀၀ ကျော် ထိခိုက်ခဲ့ပြီး စပါးခင်းတွေ၊ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေ၊ သောက်သုံးရေ အရင်းအမြစ်နဲ့ မွေးမြူရေး တိရစ္ဆာန်တွေ ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။

တပြိုင်တည်းမှာပဲ ကက်သလစ် ဘုန်းတော်ကြီး ကာဒီနယ် ရဟန်း အမတ် ချားလ်ဘို ကလည်း မြန်မာနိုင်ငံက ရေဘေးဒဏ် ခံခဲ့ရသူ ခန့်မှန်းခြေ လူ ပေါင်း ၈၈၇,၀၀၀ အတွက် ရေရှည် ပြန်လည် ထူထောင်ရေး အစီအစဥ်တွေ ချမှတ်နိုင်ဖို့ နိုင်ငံတကာကို တောင်းဆိုကြေကာင်း ဗာတီကန် သတင်းဌာနမှာ စက်တင်ဘာ ၂၈ နေ့က ဖော်ပြထားပါတယ်။

မြန်မာ ရာဂီ ရေဘေး သေဆုံးသူ ၃၆၀ ကျော်ပြီ (ကုလသမဂ္ဂ UNOCHA)
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG