သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကူအညီချောမွေ့စေဖို့ အာဏာပိုင်တွေကို အမေရိကန်တောင်းဆို


နေပြည်တော်မှာ ရေဘေးဒဏ်သင့်ဒေသခံတွေအတွက် စောင်နဲ့ အဝတ်အစားတွေအိတ်တွေကို သယ်ဆောင်လာတဲ့ ပရဟိတအဖွဲ့ဝင်များ (စက်တင်ဘာ ၁၈၊ ၂၀၂၄)
နေပြည်တော်မှာ ရေဘေးဒဏ်သင့်ဒေသခံတွေအတွက် စောင်နဲ့ အဝတ်အစားတွေအိတ်တွေကို သယ်ဆောင်လာတဲ့ ပရဟိတအဖွဲ့ဝင်များ (စက်တင်ဘာ ၁၈၊ ၂၀၂၄)

Yagi (ရာဂီ) မုန်တိုင်းကြောင့် အရေးပေါ် အကူအညီလိုနေသူတွေဆီကို အကူအညီပေးတဲ့နေရာမှာ ချောမွေ့စေဖို့ အာဏာပိုင်တွေကို အမေရိကန်အစိုးရက တောင်းဆိုထားပါတယ်။ အကူအညီလိုနေသူတွေအတွက် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတဆင့် လူသားချင်းစာနာတဲ့ အကူအညီတွေ ဆက်လက်ပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်နေတယ်လို့ အမေရိကန် သံရုံးရဲ့ Facebook စာမျက်နှာမှာထုတ်ပြန်ထားတာပါ။ နိုင်ငံတကာက ပံ့ပိုးကူညီတဲ့ လူသားချင်းစာနာအကူအညီတွေအပါအဝင် သန့်ရှင်းရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တကိုယ်ရေသန့်ရှင်းရေး အထောက်အကူ ပစ္စည်းတွေကို အကူအညီအလိုအပ်ဆုံးဖြစ်တဲ့ လူမှု အသိုင်းအဝိုင်းတွေဆီ ပေးပို့တဲ့နေရာမှာ ချောမွေ့မှုရှိစေဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေကို တောင်းဆိုတယ်လို့လည်း အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရာဂီမုန်တိုင်းဒဏ်ခံထားရသူတွေအတွက် အကူအညီသွားပေးသူတွေကို တချို့ဒေသတွေမှာ အာဏာပိုင်တွေက စိစစ်နေတာကြောင့် အကူအညီပေးဖို့ နှောင့်နှေးနေတယ်လို့ ပရဟိတကူညီသူတွေက ပြောပါတယ်။ တချို့နေရာတွေမှာ အကူအညီပစ္စည်းတွေအပေါ် အခွန်ကြေးလို တောင်းတာမျိုး၊ ပစ္စည်းတွေ ကန့်သတ်တာမျိုး၊ တချို့နေရာတွေ သွားလှူခွင့်မပေးတာမျိုးတွေလုပ်တယ်လို့ ကိုယ်တိုင်အကူအညီ‌ပေးသူတွေက ပြောကြပါတယ်။ စစ်ကောင်စီဘက်ကတော့ နယ်မြေလုံခြုံရေးအခြေအနေအရ ကူညီသူတွေ ဘေးကင်းစေဖို့ တာဝန်ရှိသူတွေက စိစစ်ဆောင်ရွက်ပေးနေတယ်လို့ တုံ့ပြန်ထားပါတယ်။

ရာဂီမုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းတော်တော်များများမှာ ပြည်သူတွေ ရေဘေးဒုက္ခရောက်နေကြပါတယ်။ ပြည်တွင်းက စေတနာရှင်တွေက အကူအညီလိုအပ်နေသူတွေအတွက် တပိုင်တနိုင်သွားရောက်ကူညီနေကြတာဖြစ်ပါတယ်။

ရာဂီမုန်တိုင်းဒဏ် ခံထားရတဲ့ မြန်မာလူမှုအသိုင်းအဝိုင်းအတွေအတွက် ဗြိတိန်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၁.၇ သန်းပေးမယ်လို့ ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရေကြီးမှုကြောင့် ထိခိုက်သူတွေအတွက် ဇွန်ကလထဲက ဒေါ်လာ ၂ သန်းခွဲ ထောက်ပံ့ပေးထားပြီးဖြစ်ပြီး အဲဒီထဲက ၁.၇ သန်းကို ရာဂီမုန်တိုင်းဒုက္ခသည်တွေအတွက် သုံးစွဲမှာဖြစ်တယ်လို့ ဗြိတိန်အစိုးရ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အရေးပေါ်ပေးမယ့်အကူအညီတွေထဲမှာ ဘေးလွတ်ရာ ခိုလှုံနေကြရသူတွေအတွက် အစားအသောက်၊ သောက်သုံးရေနဲ့ တကိုယ်ရေသန့်ရှင်းမှုအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပေးမှာဖြစ်တယ်လို့ ရန်ကုန် ဗြိတိန်သံရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG