သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေဘေး တိုးမြှင့်ကူညီရေး UNOCHA ကြိုးပမ်း


စက်တင်ဘာ ၁၄ ရာဂီမုန်တိုင်းရေဘေး ပဲခူးဒေသ။
စက်တင်ဘာ ၁၄ ရာဂီမုန်တိုင်းရေဘေး ပဲခူးဒေသ။

ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လျှပ်တပျက်ရေကြီး ရေလျှံမှုဒဏ်ကို လူပေါင်း ၉ သိန်းဝန်းကျင်ခံစားခဲ့ရပြီး သေဆုံးရသူ ၃၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး - UNOCHA က စက်တင်ဘာ ၂၀ သောကြာနေ့မှာ ကျေညာချက် ထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်က ကျရောက်ခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လျှပ်တပျက်ရေကြီး ရေလျှံမှုဒဏ်ကို လူပေါင်း ၉ သိန်းဝန်းကျင်ခံစားခဲ့ရပြီး သေဆုံးရသူ ၃၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး - UNOCHA က စက်တင်ဘာ ၂၀ သောကြာနေ့မှာ ကျေညာချက် ထုတ်ပြန်ပါတယ်။

နဂို စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးနေရသူတွေ အပါအဝင်လူပေါင်း ၈၈၇ ၀၀၀ လောက် ဒဏ်ခံခဲ့ရတာ ဖြစ်ပြီး နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်း အရှေ့နဲ့ တောင်ပိုင်း တွေပါဝင်တဲ့ ပြည်နယ်နဲ့တိုင်းတွေက မြို့နယ်ပေါင်း ၆၅ မြို့နယ်မှာ ရေဘေးကြုံခဲ့ရတာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ရေဘေးအကြီးအကျယ် ခံခဲ့ရတဲ့ဒေသတွေမှာ ခုထိအခြေနေဆိုးနေဆဲဖြစ်ပြီး လမ်း၊ တံတား၊ စာသင်ကျောင်း၊ ဘုရားကျောင်းကန်တွေ၊ နေအိမ်တွေနဲ့အတူ လယ်ယာ၊ စိုက်ပျိုးသီးနှံတွေပါ ရေနစ်မြုပ်ပျက်စီးနေပြီး လျှပ်စစ်မီးလည်း မရတဲ့ အပြင် သောက်သုံးရေ အရင်းအမြစ်တွေပါ အများအပြားထိခိုက်ခဲ့ရတာပါ။

ကုလသမဂ္ဂ အနေနဲ့ ၂၀၂၄- လူသားစာနာမှု လိုအပ်ချက်နဲ့ တုန့်ပြန်ရေး အစီစဉ်ဆိုင်ရာ ရံပုံငွေလိုအပ်ချက်ဟာ ၂၇ % ရှိနေသေးပေမယ့် အခုရေဘေးအတွက် အရေးပေါ်ကူညီမှုတွေ စတင်လုပ်ဆောင်ဖို့ ERC- အရေးပေါ်ကယ်ဆယ်မှု ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံက အမေရိကန်ဒေါ်လာ ၄ သန်းကို CERF ဗဟို အရေးပေါ်တုန်ပြန်ရေး ရံပုံငွေထဲကနေ ယာယီ ချထားပေး ခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။

အရေးပေါ်လိုအပ်တဲ့ သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အိမ်အသုံးဆောင်၊ အဝတ်အထည်နဲ့ အမိုးအကာတွေ အပြင် အရေးပေါ် အသက်ကယ် ပစ္စည်းတွေကိုပါ အမြန်ဆုံးပေးပို့ဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။ ကယ်ဆယ်ကူညီရေးတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ရံပုံငွေ ထည့်ဝင်ကြဖို့ နှိုးဆော်ထားပြီး ရေဘေးသင့် ဒေသတွေကို လူသားစာနာမှု အဖွဲ့အစည်းတွေ သွားရောက်ခွင့် ပေးဖို့လည်း ပန်ကြားထားပါတယ်။

Forum

XS
SM
MD
LG