ကန့်ဘလူမြို့နယ်မှာ ဒုက္ခသည်တွေ စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်ကြုံ 

MYANMAR-POLITIC-MILITARY

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်နဲ့ ကိုးတောင်ဘို့တိုက်နယ်အတွင်း ထောင်နဲ့ချီတဲ့ဒေသခံတွေ တောတောင်တွေထဲမှာ လနဲ့ချီ စစ်ဘေးရှောင်နေရပြီး လုံလောက်တဲ့ဆေးဝါး ကုသမှုတွေမရှိတဲ့အပြင် ဆေးဝါးတွေရှားပါးလာပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ နန်းလောဝ် က တင်ပြပါ့မယ်။

ကန့်ဘလူမြို့နယ်မှာ ဒုက္ခသည်တွေ စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်ကြုံ

{{Zawgyi/Unicode}}
မြန်မာစစ်တပ် တပ်စွဲထားပြီး မကြာခဏ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်နဲ့ ကိုးတောင်ဘို့တိုက်နယ်အတွင်း ထောင်နဲ့ချီတဲ့ဒေသခံတွေ တောတောင်တွေထဲမှာ လနဲ့ချီ စစ်ဘေးရှောင်နေရပြီး လုံလောက်တဲ့ဆေးဝါး ကုသမှုတွေမရှိတဲ့အပြင် ဆေးဝါးတွေရှားပါးလာပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီတိုက်နယ် ၂ ခုမှာရှိတဲ့ ကျေးရွာတော်တော်များများဟာ နေရပ်ကျေးရွာတွေကို စွန့်ခွာပြီး တောတောင်တွေထဲမှာ အမိုးအကာမရှိ ဖြစ်သလို နေထိုင်နေကြရတဲ့အတွက် မွေကိုက်ခံရတဲ့ ရွာသူရွာသားတွေ ရှိသလို၊ ဖျားနာနေသူတွေလည်း ရှိနေတဲ့အကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေ့ ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်တွေရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို နန်းလောဝ် က တင်ပြပါ့မယ်။

ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်နဲ့ ကိုးတောင်ဘို့တိုက်နယ်အတွင်းမှာ မြန်မာစစ်တပ်က တပ်အထိုင်ချပြီး ပတ်ဝန်းကျင် ကျေးရွာတွေဘက် နယ်မြေရှင်းလင်းရေး ထိုးစစ်လုပ်နေတဲ့အတွက် ဒေသခံတွေဟာ နေရပ်ကို စွန့်ခွာနေကြတာပါ။ တောင်တောင်တွေထဲမှာ နေထိုင်ရတာ အချိန်ကြာမြင့်လာတဲ့အတွက် စိုက်ပျိုးလုပ်ငန်းတွေ မလုပ်ကိုင်နိုင်တော့သလို စားဝတ်နေရေး အခက်အခဲတွေလည်း ပိုပြီး ကြီးမားလာပါတယ်။ စစ်ဘေးရှောင်တဦး သူတို့ကြုံနေရတဲ့ အခက်အခဲတချို့ကို အခုလိုပြောပြပါတယ်။

“ကျွန်တော်တို့ဘက်မှာ စစ်ကြောင်းတွေထိုး သွားလိုက် လာလိုက်ဆိုတော့ လူတွေခေါ်တာ(ဖမ်း) ပြုတာလုပ်တော့ ကျွန်တော်တို့က ကြောက်လို့ အဲ့လိုတိမ်းနေရတာပါ။ ရွာကိုလည်း ကြာကြာမပြန်ရပါဘူး။ ခဏတဖြုတ်ပဲ ပြန်ရတာပေါ့။ တောဘက်တွေတိမ်းရှောင်ပြီးနေနေရတာ ၈ လ ၉ လလောက်ရှိပြီ။ စားဝတ်နေရေးတွေလည်း အလုပ်တွေလည်း အဆင်မပြေတော့ စားဝတ်နေရေးလည်း ခက်ခဲတာပါ။”

ဒေသခံတွေဟာ သူတို့ နေရပ် ကျေးရွာတွေမှာ နေထိုင်ခဲ့တဲ့အချိန်၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိက အားထားပြီး ရပ်တည် အသက်မွေးခဲ့ကြသူတွေပါ။

အမိုးအကာမရှိတဲ့ တောတောင်ထဲမှာ လှည့်လှည်သွားလာနေတဲ့အတွက် မြေကိုက်ခံရတဲ့ ဒုက္ခသည်တွေလည်း ရှိနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတဦးကေ ပြာပါတယ်။

“မြွေဆိပ်ဖြေဆေးလည်း မလုံလောက်ဘူး။ စားနပ်ရိက္ခာလည်း မလုံလောက်ဘူး။ အဓိက က မိုးကာ မိုးရာသီဖြစ်ပေမယ့် မိုးကာက မရှိဘူး။ ဒေသခံ ကျေးလက်ကျန်းမာရေးလေးတွေပေါ့။ နိုင်တဲ့သူက အဲ့ဒါဝိုင်းဝန်းကု့သကြတာပေါ့။ ဟိုဘက်က ဆေးလေးတလုံးရခဲ့လိုက် စုလိုက်ထိုးလိုက် ပြန်ရှာလိုက်နဲ့ ဆေးရှာရတာလည်း ခက်ခဲပါတယ်။”

စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၁၀ ရက်အထိ တောတောင်တွေထဲ တိမ်းရှောင်ရင်း မြွေကိုက်ခံရသူ ၆ ဦးအထိ ရှိပြီး လက်ရှိအချိန်ထိ မြွေကိုက် ခံရသူ ၂၀ ကျော်ရှိတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ သေဆုံးသူ ၃ ဦးရှိတယ်လို့လည်း ပြောပါတယ်။ ဆေးဝါး လုံလောကတာ အချိန်မှီ မကုသနိုင်တဲ့အတွက် စိုးရိမ်ရတဲ့ ဖျားနာနေသူတွေလည်း ရှိနေပါတယ်။

နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေး ကာလအတွင်း ရာနဲ့ချီတဲ့နေအိမ်တွေလည်း မီးရှို့ဖျက်စီးခံရပြီး အရပ်သား သေဆုံးမှုတွေလည်းရှိသလို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေတယ်ဆိုပြီး ဖမ်းဆီးတာခံရတဲ့ ရွာသူရွာသားတွေလည်း ရှိတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီဒေသတွေမှာ PDF လက်နက်ကိုင်အဖွဲ့တွေ ခြေကုတ်ယူပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျုးလွန်နေတယ်လို့ စွပ်စွဲသလို အရပ်သားနေအိမ်တွေကို မီးရှို့တာ စစ်တပ်က မလုပ်တဲ့အကြောင်း ငြင်းဆိုသလို အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး PDF အဖွဲ့တွေနဲ့ အပြန်အလှန်စွပ်စွဲနေပါတယ်။

ထောင်နဲ့ချီတဲ့ ဒေသခံ ရွာသူရွာသားတွေကတော့ နေရပ်မပြန်နိုင်ဘဲ တောတောင်တွေထဲမှာ စစ်ဘေးရှောင်ရင်း ပြေးလွှားနေကြရဆဲဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန့်ဘလူမြို့နယ်မှာ ဒုက္ခသည်တွေ စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်ကြုံ

..............................................................

ကန့ျဘလူမွို့နယျမှာ ဒုက်ခသညျတှေ စားဝတျနရေေးနဲ့ ကနြျးမာရေး အခကျကွုံ

{{Zawgyi/Unicode}}







