{{Zawgyi/Unicode}}
လစ်ဗျားနိုင်ငံမှာ အာဏာရှင်ဂဒါဖီရဲ့သား Saif al-Islam Gaddafi ကို သမတရွေးကောက်ပွဲမှာ အရွေးခံဖို့ကိုယ်စားလှယ်အဖြစ်ပါဝင်ခွင့်ပေးကြောင်း တရားရုံးက ကြာသာပတေးနေ့မှာချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေကပြောပါတယ်။
Saif al-Islam Gaddafi အပါအဝင် ၂၅ ဦးကို သမတရွေးကောက်ပွဲဝင်ဖို့ အရည်အခြင်းမပြည့်မီတဲ့ အတွက် ဆိုကာ လွန်ခဲ့တဲ့လပိုင်းက ရွေးကောက်ပွဲကော်မရှင်ကနေ ပယ်ချထားခဲ့တာဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာကျင်းပမယ့် သမတရွေးကောက်ပွဲအတွက်ကိုယ်စား လှယ်လောင်းတင်သူ ၉၈ ယောက်ထဲက ၂၅ ယောက်ကိုရွေးကောက်ပွဲကော်မရှင်ကပယ် ချထားတာပါ။
Saif al-Islam Gaddafi ကို ၂၀၁၅ ခုနှစ်တုန်းက Tripoli တရားရုံးကနေ စစ်ရာဇဝတ်မှုနဲ့ သေဒါဏ် ချမှတ်ထားတာဖြစ်ပါတယ်။ သူ့ရဲ့အဖေ ကဒါဖီ ကိုဖယ်ရှားဖို့ကျိုးပမ်းတဲ့အတိုက်အခံတွေကိုတိုက် ခိုက်ခဲ့စဉ်က စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့စွဲချက်နဲ့သူ့ကို တရားရုံးကသေဒဏ်ချခဲ့တာ ဖြစ်ပါတယ်။ သူကတော့တရားရုံးကဆင့်ခေါ်တာကိုလာရောက်ခဲ့ခြင်းမရှိဘဲရှောင်ရှားနေခဲ့ ပါတယ်။
သူဟာ အာဏာရှင် ကဒါဖီ ကိုထောက်ခံအားပေးတဲ့ လက်ကျန်အင်အားစုတွေရဲ့ ခေါင်းဆောင်ဖြစ်နေပါတယ်။ အခုလိုပြဿနာတွေအပြင် အကြမ်းဖက်တိုက်ခိုက်မှုတွေလည်းရှိနေတဲ့အတွက် ရွေးကောက်ပွဲ မတည်မငြိမ်ဖြစ်မှာကိုအကဲခတ်တွေကစိုးရိမ်နေကြပါတယ်။
ကြာသာပတေးနေ့မှာဘဲအနောက် ဘက်ဒေသက ရွေးကောက်ပွဲကော်မရှင်ရုံး ၅ ခုကို သေနတ်သမားတွေက ဝင်ရောက်စီးနင်း ခဲ့ပြီးမဲပြားတွေကိုယူဆောင်သွားကြပါတယ်။
ပြိုင်ဘက်သမတလောင်းတွေကိုထောက်ခံသူ လက်နှက်ကိုင်အင်အားစုတွေနဲ့ ဆန့်ကျင်သူ လက်နှက်ကိုင်အင်အားစုတွေအကြား ပဋိပက္ခတွေ ဖြစ်ပြီး ရုန်းရင်းဆန်ခတ်မှုတွေနဲ့ မတည်မငြိမ် ဖြစ်နိုင်တယ်လို့ အရှေ့ဖက်နဲ့တောင်ဖက်ဒေသကို ကြီးစိုးတဲ့ လစ်ဗျားအမျိုးသား လွတ်လပ်ရေး တပ်မတော် LNA အကြီးအကဲ ကလီ ဟတ်ဖတာ Khalifa Haftar ကပြောဆိုပါတယ်။
..........................
Your browser doesn’t support HTML5
ကဒါဖီးသား သမ္မတ ရွေးကောက်ပွဲဝင်ဖို့ လစ်ဗျားတရားရုံးခွင့်ပြု
{{Unicode}}