ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီး အားလုံးတူညီတဲ့ ဘုံသဘောထားရနိုင်ဖို့ရည်ရွယ်ချက်နဲ့ ကချင်ပြည်နယ်၊ မိုင်ဂျာယန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရဲ့ ဆွေးနွေးပွဲကို ကျင်းပပါတယ်။
အဲဒီညီလာခံအပေါ် သောတရှင်တွေရဲ့ အမြင်သဘောထားတွေနဲ့ အခုလိုဆွေးနွေးကြ တာကနေ အားလုံး လိုလား တောင့်တနေတဲ့ ငြိမ်းချမ်းရေးရလာဖို့ တကယ်ပဲ အထောက်အကူဖြစ်စေမယ်လို့ မြင်ကြပါသလားဆိုတာကို ပင်တိုင်ဆွေးနွေး သူတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်း၊ ၂၁ ရာစု ပင်လုံညီလာခံပြင်ဆင်ရေးကော်မတီဝင် လွှတ်တေ်ာကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူ၊ သတင်းစာဆရာ ဦးစည်သူအောင်မြင့်တို့နဲ့ အတူ သောတရှင်တွေ ပါဝင်ဆွေးနွေးထားကြပါတယ်။
Your browser doesn’t support HTML5