ယဉ်ကျေးမှု ထိခိုက်တဲ့ စွပ်စွဲချက်နဲ့ သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံ အရေးယူခံရ
{{Zawgyi/Unicode}}
မြန်မာ မိုဒယ် အမျိုးသမီး ၂ ဦးဖြစ်ကြတဲ့ နန်းမွေစံ နဲ့ သင်ဇာဝင့်ကျော် တို့ကို မြန်မာ့ယဉ်ကျေးမှု ထိခိုက်စေတဲ့ လိင်အသားပေး ဓါတ်ပုံတွေ နဲ့ ဗွီဒီယိုဖိုင်တွေ အင်တာနက်မှာ တင်ပြီး အခကြေးငွေယူတဲ့အတွက် တရားစွဲဆိုလိုက်ကြောင်း စစ်ကောင်စီက သောကြာနေ့က ထုတ်ပြန်လိုက်ပါတယ်။
သူတို့ ၂ ဦးစလုံးဟာ အမေရိကန် အခြေစိုက် အရွယ်ရောက်သူများသာ ကြည့်ခွင့်ရှိတဲ့ လိင်ပိုင်းဆိုင်ရာ Website တခုကို လိင်အသားပေးဓါတ်ပုံ နဲ့ ဗွီဒီယိုဖိုင်တွေ ပို့ပေးပြီး တင်ပေးတဲ့အတွက် ပြန်လည်ရရှိတဲ့ ငွေကြေးတွေကနေ ၇ဝ ရာခိုင်နှုန်း ခံစားခွင့်ရကြတယ်လို့လည်း ဆိုပါတယ်။
အဲဒီအတွက် နန်းမွေ့စံ နဲ့ သင်ဇာဝင့်ကျော် တို့ ၂ ဦးစလုံးကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က) အရ အမှုဖွင့်အရေးယူထားကြောင်းလည်း ပါရှိပါတယ်။
အဲဒီ ဥပဒေအရ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရရင် ထောင်ဒဏ် အနည်းဆုံး ၇ နှစ် ကနေ အများဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။
အခုအရေးယူခံလိုက်ရသူ ၂ ဦးစလုံးဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးသူတွေလည်း ဖြစ်ပါတယ်။ မော်ဒယ်သင်ဇာဝင့်ကျော် ဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဌာနချုပ်မှာ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆု ရဲ့သမီး မင်္ဂလာပွဲကို တက်ရောက်ခဲ့ပြီး အပြန်မှာ ခေတ္တဖမ်းဆီးခံခဲ့ရဖူးပါတယ်။
မော်ဒယ်နန်းမွေစံ ဟာ အရင်ကလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်တဲ့ ဝတ်စားဆင်ယင်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံ ဆေးကောင်စီက ၂၀၁၉ ခုနှစ်မှာ ဆေးကုသခွင့် လိုင်စင်ကို သိမ်းခံခဲ့ရဖူးပါတယ်။
Your browser doesn’t support HTML5
..................................
{{Zawgyi/Unicode}}