မန်ယူ ဂန္ထဝင်နည်းပြကြီး ဆေးရုံမှာဆက်ရှိနေပြီး စိုးရိမ်ရဆဲ

၂၀၁၃ ခုနှစ်က ဝက်စ် ဘရွမ်းဝစ်ချ်နှင့် မန်ယူပွဲအပြီး ပရိသတ်ကို နှုတ်ဆက်နေသည့် ဖာဂူဆန်။ မေ ၁၉၊ ၂၀၁၃။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး ဆာ အဲလက်က်စ် ဖာဂူဆန်ဟာ ဦးနှောက်တွင်း သွေးယိုစိမ့်တာကြောင့် စနေနေ့က အရေးပေါ် ခွဲစိတ်ကုသမှု ခံယူရပြီး တဲ့နောက် စိုးရိမ်ရဆဲအခြေအနေနဲ့ ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာပဲ ဆက်ရှိနေပါသေးတယ်။

အသက် ၇၆ နှစ်အရွယ် မစ္စတာဖာဂူဆန်ကို ဗြိတိန်နိုင်ငံ၊ Cheshire ခရိုင်၊ Wilmslow မြို့ သူ့ရဲ့နေအိမ်ကနေ ဆေးရုံကို အရေး ပေါ်လူနာတင်ယာဉ်နဲ့ ပို့ဆောင်ခဲ့ရပြီး Salford တော်ဝင်ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူခဲ့တာပါ။

မန်ယူအသင်းက လက်ရှိအသင်းသားတွေ၊ အရင်က သူနဲ့တွဲပြီး အသင်းမှာ ကစားခဲ့ဖူး သူတွေ၊ ဖာဂူဆန်ကို ချစ်ခင်ကြတဲ့ ကမ္ဘာ တဝန်းက မန်ယူပရိသတ်တွေ၊ တခြားကလပ် အသင်းတွေ၊ မန်နေဂျာတွေအပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ကလည်း သူ့အတွက် ဆုတောင်း စကားတွေ၊ အားပေးစကားတွေ ပေးပို့ကြပါတယ်။

အဲဒီလို ဆုတောင်း အားပေးစကားတွေ ပေးပို့ကြတဲ့အပေါ် အထူးကျေးဇူးတင်တဲ့အကြောင်း မန်ယူအသင်းကပြောပါတယ်။

Your browser doesn’t support HTML5

မန်ယူ ဂန္ထဝင်နည်းပြကြီး ဆေးရုံမှာဆက်ရှိနေပြီး စိုးရိမ်ရဆဲ