တောင်တရုတ်ပင်လယ်ပြင် ကမ်းရိုးတန်းတလျှောက် နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ယန္တရားတခုကို တည်ထောင်ဖို့၊ တရုတ် အစိုးရက စနေနေ့တုန်းက တိုက်တွန်းလိုက် ပါတယ်။
အာရှနိုင်ငံတွေရဲ့ Boao Forum(BFA) နှစ်ပတ်လည်ညီလာခံမှာ တရုတ် ဒုနိုင်ငံခြားရေး ဝန်ကြီး Liu Zhenmin က ခုလို ကမ်းလှမ်းတာ ဖြစ်ပါတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက် ရာမှာ ဒေသတွင်းနိုင်ငံတွေကြား ကြားဝင်စွက်ဖက်မှု ကင်းနိုင်ရေး မြှင့်တင်ပေးနိုင်မယ့် ယန္တရားတရပ်ကို ထူထောင်ရာမှာ အပြန်အလှန် ယုံကြည်မှု၊ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက် မှုတွေနဲ့ အကျိုးစီးပွားချင်း မ ျှဝေခံစား သွားမယ်လို့ ဒုဝန်ကြီး Liu က တိုက်တွန်းခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ် ကာကွယ် လျှော့ချရေးနဲ့ ရေကြောင်း ကယ်ဆယ်ရေး၊ သဘာ၀ ဝန်းကျင် ကာကွယ်ရေးနဲ့ ဇီဝမျိုးကွဲ - သိပ္ပံဆိုင်ရာ သုတေသန လုပ်ဆောင်ရေးတွေ အပြင် ၊ ရေကြောင်းသွားလာမှု လုံခြုံစိတ်ချရေးတို့လို ကဏ္ဍပေါင်းစုံမှာ အမြင်ချင်း အပြန်အလှန် ဖလှယ် သွားမှာဖြစ်ကြောင်း Liu ကပြောပါတယ်။
Your browser doesn’t support HTML5