တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက စစ်ရေးတည်ဆောက်မှု တိုးချဲ့လာတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ပြင်သစ်နဲ့ ဗြိတိန်က စစ်သင်္ဘောတွေ အဲဒီရေပြင်မှာ ခုတ်မောင်းသွားလာမယ်လို့ သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးတွေက တနင်္ဂနွေနေ့မှာ ပြောလိုက် ပါတယ်။
စင်္ကာပူမှာကျင်းပတဲ့ Shangri La Dialogue ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေက အဲဒီလို ပြောသွားတာပါ။ တောင်တရုတ်ပင်လယ်တွင်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေနားမှာ အမေရိကန်က ရေတပ် စစ် သင်္ဘောတွေ ခုတ်မောင်းသွားလာတာကို မကြာခန လုပ်လေ့ရှိပြီး ဒါဟာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ကျင့်သုံးတာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြင်သစ်ရေတပ်သင်္ဘောတွေနဲ့ ဗြိတိန်က စစ်ရဟတ်ယာဉ်တွေနဲ့ ရေတပ်သင်္ဘောတွေဟာ ရှေ့သီတင်းပတ်မှာ စင်္ကာပူကို သွားရောက်ဖို့ရှိပြီး အဲဒီကနေတဆင့် တောင်တရုတ်ပင်လယ်ထဲက သတ်မှတ်နေရာတွေကို သွားမှာဖြစ်တယ်လို့ ပြင်သစ် ကာကွယ်ရေးဝန်ကြီး Florence Parly က Shangri La Dialogue ဆွေးနွေးပွဲမှာ ပြောပါတယ်။
ဝန်ကြီး Madame Parly က တရုတ်နိုင်ငံကို နာမည်နဲ့တကွ ထည့်မပြောဘဲ တရုတ်ကပိုင်တယ်လို့ ပြောထားတဲ့ ရေပြင်နယ်နိမိတ် တွေမှာ စစ်သင်္ဘောတွေ ဖြတ်သန်း ခုတ်မောင်းမယ်လို့ ပြောပါတယ်။ ပြင်သစ်ဟာ နယ်မြေပိုင်ဆိုင်တယ်လို့ ပြောထားတဲ့ နိုင်ငံ တွေထဲမှာ မပါပေမဲ့လည်း “မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ ပုံမှန်ဆိုသလို” ဒီလို လုပ်ဆောင်ခြင်းအားဖြင့် စည်းမျဉ်းစည်းကမ်းပေါ် အခြေခံတဲ့ အခင်းအကျင်းတခုဖြစ်လာအောင် ပါဝင်လုပ်ဆောင်ပေးရာကျတယ်လို့ ဝန်ကြီး Madame Parly ကပြောပါတယ်။
Your browser doesn’t support HTML5