သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နှင့် အာဆီယံတို့ တောင်တရုတ်ပင်လယ် COC မူဘောင် ဆွေးနွေးမှု မပြီးပြတ်သေး


တောင်တရုတ်ပင်လယ်တွင်း လိုက်နာလုပ်ဆောင်ရမယ့် ကျင့်ဝတ်စည်းမျဉ်း COC ရေးဆွဲရေးဆိုင်ရာ မူဘောင်တခုကို သဘောတူ ခဲ့ကြပြီးဖြစ်ပေမဲ့လဲ COC တခုထွက်လာဖို့မှာတော့ အာဆီယံနဲ့တရုတ်နိုင်ငံတို့အကြား အပြင်းအထန် စေ့စပ်ဆွေးနွေးတာတွေ လုပ်ရမယ့်အလားအလာရှိပါတယ်။

COC ထဲမှာ အကျူံံးဝင်မယ့် ပင်လယ်နယ်နိမိတ်ကို သတ်မှတ်တာ၊ COC ကို မဖြစ်မနေ လိုက်နာလုပ်ဆောင်ရမယ်လို့ သတ်မှတ် တာ၊ သူတို့ရဲ့ ရေကြောင်းသွားလာရေး လုပ်ဆောင်ချက်တွေကို ကန့််သတ်မယ့် ဘယ်လိုလုပ်ဆောင်ချက်မျိုးမဆို ထည့်သွင်းမှာ တွေကို တရုတ်က ကန့်ကွက်လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ တဘက်ကမှာတော့ ASEAN နိုင်ငံတွေက ဆွေးနွေးပွဲတွေ ဆက်လုပ်သွားတာနဲ့အမျှ အဲဒီအသေးစိတ်တွေကို ပြောဆိုကြလိမ့်မယ်လို့ မြင်ကြပါတယ်။ COC ထဲမှာထည့်သွင်း မယ့် အချက်အတော်များများကို လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း အချိန်အများစုမှာ တရုတ်က သဘောမတူဘဲ ကန့်ကွက်လာတာ ကြောင့် COC တခုပေါ် သဘောတူူညီရေးကိစ္စ ၂၀၀၂ ခုနှစ်ကတည်းက နှောင့်နှေးနေတာဖြစ်ပါတယ်။

တကယ်လို့များ COC တခု ထွက်လာပြီဆိုရင် တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ရဲ့အကျိုးစီးပွား ထိခိုက် ပျက်စီးတာမျိုးမဖြစ် စေဖို့ အဲဒါကို အားပျော့သွားအောင် လုပ်ပစ်မှာပဲဆိုတာ ကျနော်တို့ သေချာပေါက် ပြောနိုင်ပါတယ်လို့ တိုင်ပေအခြေစိုက် တောင် တရုတ်ပင်လယ်ဆိုင်ရာ သုတေသနအဖွဲ့က ညွှန်ကြားရေးမှူး Jonathan Spangler ကပြောပါတယ်။ ၃.၅ သန်း စတုရန်းကီလို မီတာကျယ်တဲ့ တောင်တရုတ်ပင်လယ်နယ်မြေ ၉၀% ကျော်ကို သူတို့ပိုင်တယ်လို့ တရုတ်က ပြောထားပါတယ်။ ဒါကြောင့်လဲ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့က ပိုင်ဆိုင်တယ်လို့ပြောထားတဲ့ နယ်မြေတွေလဲ အဲဒီထဲမှာပါနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG