Super Tuesday မဲပေးသူ တဦး အတွေ့အကြုံ

မဲရုံတွင်း မဲပေးနေသည့် မနီမာ (Alexandria မြို့ Virginia ပြည်နယ်တွင် နေထိုင်သူ) (သတင်းဓာတ်ပုံ - မတ်-၀၃- ၂၀၂၀))

(Zawgyi/Unicode)

ဒီမိုကရက်ပါတီကိုယ်စားပြု သမ္မတလောင်းရွေးချယ်ပွဲတွေထဲမှာ အရေးအပါဆုံးလို့ိဆိုရမယ့် မတ်လ ၃ ရက်နေ့ Super Tuesday အကြိုရွေးချယ်ပွဲလုပ်တဲ့ ပြည်နယ်တွေထဲမှာ ဝါရှင်တန် ဒီစီမြို့တော်နားက ဗာဂျီးနီးယားပြည်နယ်လည်း တခုအပါအဝင်ပါ။ အဲဒီ ပြည်နယ်မှာ မဲပေးသူတဦးဖြစ်တဲ့ မြန်မာ-အမေရိကန် မနီမာကို မအေးသန္တာကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

အေးသန္တာကျော်။ ။ ဟုတ်ကဲ့ မနီမာ။ မနီမာက အမေရိကန်ပြည်ထောင်စုမှာ Super Tuesday လို့ခေါ်တဲ့ ပြည်နယ်တော်တော်များများမှာ Democratic တွေရဲ့ ပဏာမရွေးကောက်ပွဲကို အမ သွားပြီးတော့ မဲပေးတယ်လို့ သိရပါတယ်။ အမ ဘယ် မြို့နယ် ဘယ်ပြည်နယ်မှာ သွားပြီးတော့ မဲပေးခဲ့ပါသလဲရှင့်။

မနီမာ။ ။ အမတို့နေတာတော့ Virginia ပြည်နယ်ဆိုတော့လေ အမတို့ City ကတော့ Alexandria ပါ မြို့ကတော့။

အေးသန္တာကျော်။ ။ ဟုတ်ကဲ့။ ဆိုတော့ အမ ရုံးမသွားခင် မနက်စောစော မဲပေးတယ်ပေါ့။ ဆိုတော့ အမ မဲပေးခဲ့တော့ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က မဲပေးခဲ့တုန်းက မြင်ရတဲ့ မဲရုံမြင်ကွင်းလေးကို ပြောပြပါဦး။ လူတွေလာပြီးတော့ မဲထည့်ကြလား။ ဘယ်လိုရှိလဲ အခြေအနေ။

မနီမာ။ ။ ထည့်ကြပါတယ် ညီမရေ။ ဘာဖြစ်လို့လည်းဆိုလို့ရှိရင် သူတို့ မဲထည့်ရတဲ့အချိန်ကလည်း မနက် ၆ နာရီကနေ ည ၇ နာရီဆိုတော့ အချိန်က ရှည်တယ်လေ။ လာထည့်ရတဲ့သူတွေ အဆင်ပြေအောင်လို့ဆိုတော့ လူတွေက အားတဲ့အချိန်လာတာဆိုတော့ အမ သွားတဲ့အချိန်တွေ့တာတော့ အလုပ်မသွားခင် လာကြတဲ့သူတွေ၊ ကလေးတွေ ကလေးငယ်ငယ်လေးတွေနဲ့ တွန်းလှည်းလေးတွေနဲ့ လာပေးတဲ့သူတွေ၊ အဖိုးကြီး အဖွားကြီးတွေတို့ အဲ့ဒါမျိုးတော့ တွေ့ခဲ့တယ်။ အရမ်းတော့ မများသေးဘူး ညီမရဲ့။ တဖြုတ်ဖြုတ်နဲ့တော့ လာနေကြတာပဲ။ အမပြန်တော့လည်း ကားတွေ ရပ်ရပ်ပြီး လာနေကြတယ်။

အေးသန္တာကျော်။ ။ ဟုတ်ကဲ့။ မဲရုံဝန်းကျင်မှာရော။ ဒီ ကိုယ်စားလှယ်လောင်းတွေဘက်ကနေ အသီးသီး မဲဆွယ်နေကြတာတွေရော တွေ့ပါလား။ သူတို့ ဘယ်လိုမျိုး လက်ကမ်းစာစောင်တွေ ဝေတာတို့ ဘာတို့ သူတို့ ဘယ်လိုတွေလုပ်တာတွေ ရှိပါသလဲ အမ။

မနီမာ။ ။ လက်ကမ်းစာစောင်ဝေတာတော့ရှိတယ်။ ဟိုလိုမျိုး မဲဆွယ်ပြီး ပြောနေတာမျိုးတော့ မရှိဘူးပေါ့နော်။ သူတို့ နှုတ်ဆက်တယ်။ အဲ့ဒီလို လက်ကမ်းစာစောင်လေးတွေပေးတာလောက်တော့ တွေ့ခဲ့တယ်။

အေးသန္တာကျော်။ ။ ဆိုတော့ အမက ဒီနေ့ မဲရုံကို စရောက်သွားကတည်းက လုပ်ရတဲ့ လုပ်ငန်းစဉ်လေး နည်းနည်းပြောပြမလား။

မနီလာ။ ။ လွယ်ပါတယ် ညီမရဲ့။ အမလည်း အဲ့လိုလေ ခက်မယ်ထင်တာလေ တယောက်တည်း ထွက်သွားလိုက်တော့။ သူတို့က စရောက်တာနဲ့ ဒီနေ့ဆိုလို့ရှိရင် သူတို့က စာရွက်လေးပေးထားတယ်။ vote for only one ဆိုပြီးတော့ မဲထည့်ရမယ့်လူရဲ့ ဓာတ်ပုံလေးတွေနဲ့ပေါ့နော်။ အဲ့လိုမျိုးလေးတွေ ပေးထားတဲ့ဟာကို ကိုယ်က ရွေးရုံပဲပေါ့နော်။ ရောက်သွားတာနဲ့ ကိုယ့်ရဲ့ photo ID ပြ၊ ပြပြီးတာနဲ့ သူတို့က ကဒ်ပြားလေးထုတ်ပေးတယ်။ ထုတ်ပေးတော့ နောက် စားပွဲတခုမှာ သွားပြီးတော့ form သွားယူရတယ်၊ ကိုယ့် ကဒ်ပြားလေး ပေးလိုက်ပြီးတော့ သူတို့ ပေးတဲ့ form မှာ ထိုင်ခုံလေးမှာ ထိုင်ပြီးတော့ အမ ကိုယ်ထည့်ချင်တဲ့ နာမည်ကို ထည့်လိုက်တာပေါ့နော်။ ကွန်ပျူတာထဲမှာ သွားပြီးတော့ ကိုယ်ထည့်ထားတဲ့ ဟာလေးကို စာရွက်ကလေးကို ထည့်လိုက်ရုံပဲ။ ဘာမှ မခက်ဘူး ညီမရဲ့။ တော်တော်လေးလည်းလွယ်တယ်။ အဆင်လည်းပြေတယ် သူတို့ကလေ။ စောင့်ရတာ ဘာညာလည်းမရှိဘူး။

အကြိုရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဒီမိုကရက် သမ္မတ ကိုယ်စားလှယ်လောင်းများ

အေးသန္တာကျော်။ ။ ဆိုတော့ မဲပေးရတဲ့ လုပ်ငန်းစဉ်ကတော့ ရှင်းရှင်းလင်းလင်းနဲ့ ညွှန်ကြားပေးထားတယ်ပေါ့ သဘောက။

မနီမာ။ ။ ရှင်းရှင်းလင်းလင်းနဲ့ ညွှန်ကြားပေးထားတော့လေ ဘာအခက်အခဲမှ မရှိဘူး။ ကိုယ့်လိုပဲ လာတဲ့သူတွေက မြန်မြန်ဆန်ဆန် မဲထည့်ပြီးတော့။ ၄၊ ၅ မိနစ်လောက်ပဲ အချိန်ကြာတယ်။ ပြီးတော့ ပြန်လာရုံပဲ။ တော်တော်လေး အဆင်ပြေတယ်။

အေးသန္တာကျော်။ ။ ဆိုတော့ အမတို့နေတဲ့နေရာ ပတ်ဝန်းကျင်ပေါ့နော် ဒါမှမဟုတ် အမတို့ စကားပြောဖြစ်တဲ့ အသိုင်းအဝိုင်းမှာ ဘယ်ကိုယ်စားလှယ်လောင်းကို လူကြိုက်များနေလဲလို့ ထင်လဲ အမ။

မနီမာ။ ။ ဘယ်ကိုယ်စားလှယ်လောင်းလူကြိုက်များနေလဲဆိုတော့ အဲ့မှာ Micheal ဆိုလား အဲ့အဘိုးကြီးကိုတော့ ထည့်မယ်ဆိုပြီးတော့ အမ ကြားခဲ့တာပေါ့နော်။ နားကြားလွဲတာလည်း ဖြစ်ချင်ဖြစ်နိုင်မယ်။ ဆိုတော့ အမ ကြည့်လိုက်တော့ အသက်ကြီးတာတွေက နည်းနည်းများတယ်လေ။ အဲ့ဒီ အမထည့်တဲ့ အမျိူးသမီးကတော့ အသက် ၄၀ ကျော် ပတ်ဝန်းကျင်၊ အသက် ၄၀၊ ၄၀ လောက်ဆိုတော့ ကျန်တဲ့ဟာတွေက အမျိုးသမီး ၂ ယောက်မှာတောင် နောက်တယောက်က နည်းနည်း အသက်ကြီးတယ်။ စိတ်ထဲမှာ လူလတ်ပိုင်းဆိုတော့ ပိုလည်းလုပ်နိုင်မယ်ထင်လို့လေ စိတ်ထဲ။ သူပဲ အမက မဲထည့်လိုက်တယ်။

Your browser doesn’t support HTML5

Super Tuesday မဲပေးသူ တဦး အတွေ့အကြုံ

[Unicode Version]

Super Tuesday မဲပေးသူ တဦး အတှေ့အကွုံ












