အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် (University of South Florida) တောင်ဖလော်ရီဒါတက္ကသိုလ်မှာ ပညာ သင်ကြားနေတဲ့ မြန်မာကျောင်းသားတဦး သေနတ်နဲ့အပစ်ခံရလို့သေဆုံးခဲ့ပါတယ်။ မေလ၆ရက်နေ့ထုတ်Tampa Bay Times သတင်းစာမှာတော့ အမည်မသိအမျိုးသားတဦး သေနတ်ဒဏ်ရာကြောင့်ဆေးရုံမှာသေဆုံးခဲ့တယ်လို့ဖေါ်ပြ ထား ပါတယ်။
ဗွီအိုအေက ဆက်ပြီးစုံစမ်းသိရှိချက်တွေအရ သေဆုံးသူကျောင်းသားရဲ့နာမည်က သန့်ဇော်ဦးဖြစ်ပြီး သူ့ရဲ့ အင်္ဂလိပ်နာမည်က တော့ Benjamin Lee ပါ။ တောင်ဖလော်ရီဒါ တက္ကသိုလ်ဝင်းရဲ့မြောက်ဖက် တိုက်ခန်းတခုမှာ ကိုသန့်ဇော်ဦးသေနတ်နဲ့ အပစ်ခံရတာဖြစ်ပြီး ဖလောရီဒါ ဆေးရုံမှာ အဲဒီသေနတ်ဒဏ်ရာနဲ့သေဆုံးခဲ့ရတာပါ။ ဘာကြောင့် အခုလို သေနတ်နဲ့အပစ်ခံခဲ့ ရသလဲ၊ ဘယ်လိုသေဆုံးခဲ့ရ သလဲဆိုတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဒေသခံရဲဌာနကို ဗွီအို အေက ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာ ဒီအမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဆဲဖြစ်လို့ အသေးစိတ်အချက် အလက်တွေကို လောလောဆယ်မပြောနိုင်သေး ဘူးလို့ဆိုပါတယ်။
အခင်းဖြစ်ပွါးခဲ့တဲ့ ဖလော်ရီဒါပြည်နယ် Tampa ဒေသ Hillsborough အရပ်က WFLA သတင်းဌာနမှာ ဖေါ်ပြထားတဲ့ သတင်းအရ စနေနေ့ည ၉နာရီ၄၅မိနစ်လောက်မှာ အခင်းဖြစ်ပွါးတဲ့တိုက်ကနေ Hillsborough ရဲဌာနကို တယ်လီဖုန်း ဆက်ပြီးအကြောင်းကြားတဲ့အကြောင်း ဒီအမှုဟာ အများပြည်သူတွေရဲ့လုံခြုံရေးကိုထိခိုက်စေမယ့် ခြိမ်းခြောက်မှု တစုံတရာ မရှိ တာကြောင့် သေဆုံးမှုမှာ တာဝန်ရှိတဲ့သူကို ရဲတပ်ဖွဲ့က ရှာဖွေတာမရှိဘူးလို့ဖေါ်ပြထားပါတယ်။ ဒီအမှုနဲ့ ပတ်သက်တဲ့စုံစမ်း စစ် ဆေးမှုတွေအတွက် မျက်မြင်သက်သေတွေအားလုံးက ရဲတပ်ဖွဲ့နဲ့အတူပူးပေါင်း ဆောင်ရွက်ကြ တယ်လို့လည်းဆိုပါတယ်။
ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့မြန်မာသံရုံးကလည်း ဖလောရီဒါဒေသခံရဲတပ် ဖွဲ့ရဲ့ဆက်သွယ်မှုအရ သေဆုံးသူ ကိုသန့်ဇော်ဦးရဲ့ မြန်မာနိုင်ငံက မိသားစုနဲ့ အဆက်အသွယ်လုပ်ပေးနေတယ်လို့ဗွီအို အေကိုပြောပါတယ်။ ဖလော်ရီဒါပြည်နယ်က အထက် တန်းကျောင်းတခုမှာ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလတုန်းကလည်း ကျောင်း ဝင်းအတွင်း ဝင်ရောက်ပစ်ခတ်မှုတခုဖြစ်ပွါးခဲ့လို့ လူ၁၇ ဦးသေဆုံးခဲ့ရပါသေးတယ်။
Your browser doesn’t support HTML5