ထိုင်းနိုင်ငံတဝန်း အစိုးရဆန့်ကျင့်ရေးဆန္ဒပြမှု တိုးလာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ရတဲ့ ဆန္ဒပြပွဲတခု။ (ဇူလိုင် ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင်းနိုင်ငံတဝန်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပြီး အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့၊ ရွေးကောက်ပွဲအသစ်လုပ်ဖို့နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ခြိမ်းခြောက် နှောင့်ယှက်တာတွေ ရပ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့က ဘန်ကောက်မြို့တော်မှာ ဆန္ဒပြပွဲကြီးတခု ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း အချိန်တိုအတွင်း အသိပေးစီစဉ်ပြီး ရုတ်တရက် လူစုလူဝေးနဲ့ပေါ်လာတဲ့ ဆန္ဒပြပွဲအရေအတွက် ၄၀ ကျော်ရှိပြီဖြစ်ပါတယ်။

Future Forward ပါတီခေါင်းဆောင် Thanathorn Juangroongruangkit

Future Forward ပါတီကို ဖျက်သိမ်းဖို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့သလို ပါတီခေါင်းဆောင် Thanathorn Juangroongruangkit ကိုလည်း နိုင်ငံရေးကနေ ၁၀ နှစ် ပိတ်ပင်ကန့်သတ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ လူငယ်အများစုပါဝင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်လာခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ကလုပ်တဲ့ ထိုင်း လွှတ်တော်ရွေးကောက်ပွဲတွေမှာ Future Forward ပါတီက တတိယ အမတ်အများဆုံး အနိုင်ရခဲ့ပြီး လူငယ်မဲဆန္ဒရှင်တွေက ထောက်ခံခဲ့တဲ့ပါတီဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါ ကျရောက်လာတာကြောင့် လူစုလူဝေးလုပ်တာကို တနိုင်ငံလုံးမှာ ပိတ်ပင်ကန့်သတ်ခဲ့တဲ့အတွက် ဆန္ဒပြပွဲတွေ ခဏရပ်သွားခဲ့ပြီးတဲ့နောက် အခုတော့ ဆက်တိုက်လို ပြန်ဖြစ်လာနေတာပါ။

SEE ALSO: ထိုင်းဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်ဓာတ်ပုံ မီးရှို့ပြီး ဘန်ကောက်မှာ ဆန္ဒပြ

ဆန္ဒပြပွဲကို စီစဉ်သူတွေဟာ အစိုးရက ကြိုတင်ဟန့်တားပိတ်ပင်မှာကို ရှောင်ဖို့အတွက် အွန်လိုင်းဆက်သွယ်ရေး နည်းပညာကို အသုံးပြုပြီး ဆန္ဒပြပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာမှ ဆိုရှယ်မီဒီယာပေါ်မှာ အသိပေးအကြောင်းကြား စည်းရုံးကြတာဖြစ်ပြီး ရုတ်တရက် လူအုပ်စုပေါ်လာပြီးတော့ ဆန္ဒပြတဲ့နည်းကို သုံးနေကြတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ထိုင်းနိုင်ငံတဝန်း အစိုးရဆန့်ကျင့်ရေးဆန္ဒပြမှု တိုးလာ

[Unicode Version]




SEE ALSO: အခွန်ဘဏ္ဍာ မဖြုန်းတီးဖို့ ထိုင်းအစိုးရကို လူငယ်တွေ ဆန္ဒပြ



ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ရတဲ့ ဆန္ဒပြပွဲတခု။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၀)

