[Zawgyi/Unicode]
ထိုင်းနိုင်ငံမှာတော့ ကိုဗစ်ဒဏ်ခံ စီးပွားရေး ပြန်ကုစားနိုင်ဖို့ နိုင်ငံပေါင်း ၅၆ နိုင်ငံက ခရီးသွားတွေအပေါ် ကန့်သတ်ထားတာတွေကို ဒီနေ့ ဖြေလျော့ပေးလိုက်ပါပြီ။
ဒါပေမဲ့ ဒီနိုင်ငံခြားခရီးသည်တွေအနေနဲ့ ထိုင်းနိုင်ငံအရောက်မှာ မဖြစ်မနေ သီတင်းနှစ်ပတ် ဟိုတယ် Quarantine ကန့်သတ်နေထိုင်ရမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်လုပ်ငန်းအဖွဲ့ ပြောခွင့်ရ Taweesin Wisanuyothin က ဆိုပါတယ်။
သြစတြေးလျ၊ ပြင်သစ်နဲ့ အမေရိကန်က ခရီးသည်တွေအနေနဲ့ ဗီဇာမလိုအပ်ပေမဲ့ ခရီးစမထွက်ခင် ပြီးခဲ့တဲ့ ၃ ရက်အတွင်း ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံစာနဲ့ ဘယ်ဟိုတယ်မှာ Quarantine ကန့်သတ်နေထိုင်မယ်ဆိုတာ ပြရမှာဖြစ်ပါတယ်။
SEE ALSO: ပြင်သစ်သမ္မတ ကိုဗစ်ရောဂါ ကူးစက်ခံရကိုဗစ်လုပ်ငန်းအဖွဲ့ ပြောခွင့်ရ Taweesin ကပဲ အခုလို Quarantine ဝင်ပြီးရင် ရက် ၃၀ ဗီဇာကို ၄၅ ရက်အထိ သက်တမ်းတိုးပေးမှာပါလို့ ဆက်ပြောခဲ့ပါတယ်။
ဒါ့အပြင် ဒီ Quarantine အသွားအလာ ကန့်သတ်ခံရချိန်တွင်းမှာလည်း COVID 19 ပိုးစစ်ဆေးမှုကို အရင် ၂ ကြိမ်ကနေ၊ အခုတော့ ၃ ကြိမ် ခံယူရမယ်လို့ Taweeson က ဆက်ပြောခဲ့ပါတယ်။
Taweeson ကပဲ ခုလို ပိုတိုးပြီးစစ်တာကြောင့် နောက်ပိုင်းမှာ Quarantine ထားရက်ကို လျှော့ချပေးသွားဖို့ ရှိတယ်လို့လည်း ထည့်ပြောခဲ့ပါတယ်။
Your browser doesn’t support HTML5
[Unicode Version]
SEE ALSO: အီးယူနိုင်ငံတွေအားလုံး ကိုဗစ်ကာကွယ်ဆေး တပြိုင်တည်းထိုးပေးနိုင်ဖို့ စီစဉ်နေကိုဗဈလုပျငနျးအဖှဲ့ ပွောခှင့ျရ Taweesin ကပဲ အခုလို Quarantine ဝငျပွီးရငျ ရကျ ၃၀ ဗီဇာကို ၄၅ ရကျအထိ သကျတမျးတိုးပေးမှာပါလို့ ဆကျပွောခဲ့ပါတယျ။