[Zawgyi/Unicode]
အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ ဒီကနေ့ ဘန်ကောက်မြို့တော်မှာ တွေ့ဆုံပြီး မြန်မာ့အရေး အပါအဝင် မဲခေါင် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒု နိုင်ငံခြားရေးဝန်ကြီးတာဝန် တရားဝင် စတင်ယူပြီးပြီးချင်း သူ့ရဲ့ ပထမဆုံးခရီးစဉ်အဖြစ် ဒုဝန်ကြီး Sherman အရှေ့တောင်အာရှနိုင်ငံ တချို့ကို ဒီရက်ပိုင်း သွားရောက်နေတာ ဖြစ်ပြီး ခရီးစဉ်တလျှောက် မြန်မာ့အရေးကို အလေးပေး ဆွေးနွေးပြောဆိုနေတာပါ။
SEE ALSO: စစ်ကောင်စီကိုယ်စားလှယ်အပေါ် ILO သဘောထား ဒီအပတ်အတွင်းဆုံးဖြတ်ဖွယ်ရှိ (Burma Point ပြောခွင့်ရ ကိုမိုးချမ်း)စစ်တပ်က အာဏာသိမ်းယူထားတဲ့ မြန်မာနိုင်ငံတွင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ကိုင်တွယ်ရာမှာ အင်ဒိုနီးရှားနိုင်ငံက ဦးဆောင် ကြိုးပမ်းနေတာကို ထောက်ခံ ကြိုဆိုကြောင်း တနင်္လာနေ့က အင်ဒိုနီးရှား ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့သလို မြန်မာ့အရေး အာဆီယံနိုင်ငံတွေကြား အချက် ၅ ချက်ပါ သဘောတူညီချက်ကို အကောင်အထည် ဖော်ဖို့အတွက်ကိုလည်း မနေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံကို ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး ပြန်လည်ထားရှိနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းမှုတွေကို အသိအမှတ်ပြုကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှု ရှိစေရေး ဝိုင်းဝန်းဖိအားပေးဖို့ ဒုနိုင်ငံခြားရေးဝန်ကြီး Sherman က မြန်မာ့အိမ်နီးချင်း ဒေသတွင်း နိုင်ငံတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဒုဝန်ကြီး Wendy Sherman အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်တဲ့ ခရီးစဉ်ပြီးရင်တော့ ဘယ်လ်ဂျီယံနဲ့ တူရကီနိုင်ငံတွေကိုလည်း သွားရောက်ဦးမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5
[Unicode Version]