ကလေးငယ်အစုလိုက်သေဆုံးတဲ့ပစ်ခတ်မှုနှစ်ပတ်လည် ထိုင်းမှာကျင်းပ 

ထိုင်နိုင်ငံ အရှေ့မြောက်ပိုင်း Nong Bua Lamphu ပြည်နယ်၊ Uthai Sawan မြို့လေးက နေ့ကလေးထိန်းကျောင်း ပစ်ခတ်မှုအတွင်း သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်းများ (အောက်တိုဘာ ၆၊ ၂၀၂၃)

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက မြို့လေးမှာ နေ့ကလေးထိန်းကျောင်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ကလေးငယ် ၂၄ ယောက်အပါအဝင် လူ ၃၆ ယောက် သေဆုံးခဲ့တဲ့ တနှစ်ပြည့် အောက်မေ့ဘွယ်အခမ်းအနားကို ဒီနေ့ ကျင်းပပါတယ်။

ထိုင်နိုင်ငံ အရှေ့မြောက်ပိုင်း Nong Bua Lamphu ပြည်နယ်၊ Uthai Sawan မြို့လေးက နေ့ကလေးထိန်းကျောင်းတခုမှာ ကလေးငယ်တွေ အိပ်ချိန်မှာ မူးယစ်ဆေးဝါးမှုနဲ့ ရာထူးက ဖယ်ရှားခံရတဲ့ ရဲဝန်ထမ်းတယောက်က သေနတ်တွေ၊ ဓါးတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ထိုင်းနိုင်ငံ သမိုင်းမှာ အဆိုးဝါးဆုံး ကလေးငယ်တွေ အသတ်ခံရတဲ့ ဖြစ်ရပ်ဖြစ်ပြီး သေဆုံးသူတွေရဲ့ မိဘဆွေမျိုးတွေ အများစုပါဝင်တဲ့ လူနှစ်ရာလောက် အောက်မေ့ဘွယ်အခမ်းအနားနဲ့ ဆုတောင်းပွဲကို တက်ရောက်ပါတယ်။ ကလေးထိန်းကျောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံအတွင်း သေနတ်ကိုင်ဆောင်ခွင့်နဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ထိန်းချုပ်ရေး မေးခွန်းထုတ်မှုတွေ ရှိလာပြီး တင်းတင်းကြပ်ကြပ် ကန့်သတ်ဖို့ တောင်းဆိုတာတွေလည်း ရှိလာခဲ့ပါတယ်။

ထိုင်နိုင်ငံ အရှေ့မြောက်ပိုင်း Nong Bua Lamphu ပြည်နယ်၊ Uthai Sawan မြို့လေးက နေ့ကလေးထိန်းကျောင်း ပစ်ခတ်မှုအတွင်း သေဆုံးသွားသူတွေအတွက် ရွတ်ဖတ်ဆုတောင်းပေးနေတဲ့ ဆရာတော်များ (အောက်တိုဘာ ၆၊ ၂၀၂၃)

နေ့ကလေးထိန်းကျောင်း တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ် တနှစ်ပြည့်ခါနီးမှာပဲ ပြီးခဲ့တဲ့ အင်္ဂါနေ့က Siam Paragon ကုန်တိုက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး မြန်မာနိုင်ငံသား အမျိုးသမီးတဦးနဲ့ တရုတ်နိုင်ငံက ခရီးသည်တဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့တာပါ။ ကုန်တိုက်တွင်း ပစ်ခတ်မှုကို အသက် ၁၄ နှစ်အရွယ် လူငယ်တယောက်က ကျုးလွန်ခဲ့တာပါ။ ထိုင်းဝန်ကြီးချုပ်သစ် Srettha Thavisin ကတော့ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေးကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ကတိပေးပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ကလေးငယ်အစုလိုက်သေဆုံးတဲ့ပစ်ခတ်မှုနှစ်ပတ်လည် ထိုင်းမှာကျင်းပ