ထိုင်းအတိုက်အခံပါတီ ဖျက်သိမ်းသင့်၊ မသင့် ဖွဲ့စည်းပုံတရားရုံး ဆုံးဖြတ်မည်

ယခင်မှတ်တမ်းရုပ်ပုံ | ဘန်ကောက်မြို့ ထိုင်းပါလီမန်သတင်းစာရှင်းလင်းပွဲတခုမှာတွေ့ရတဲ့ Move Forward ပါတီ ခေါင်းဆောင်များ (ဇန်နဝါရီ ၃၁၊ ၂၀၂၄)

ထိုင်းနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ Move Forward ပါတီကို ဖျက်သိမ်းမယ် မသိမ်းဘူးဆိုတာ မနက်ဖြန် ဗုဒ္ဓဟူးနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။ တော်ဝင်မိသားစု ဂုဏ်သိက္ခာ ထိခိုက်အောင် ပြောဆိုမှုတွေအတွက် အရေးယူလေ့ရှိတဲ့ ပြင်းထန်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ ရွေးကောက်ပွဲမှာ ကတိပြုခဲ့တယ်ဆိုပြီး Move Forward ပါတီကို အရေးယူဖို့ ကြားနာ စစ်ဆေးနေတာပါ။

Move Forward ပါတီဟာ ပြီးခဲ့တဲ့နှစ် မေလ ရွေးကောက်ပွဲမှာ ထိုင်းပြည်သူတွေရဲ့ ထောက်ခံမှု အများစု ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို ထိခိုက်စေတဲ့ ပြောဆိုမှုတွေအတွက် အရေးယူလေ့ရှိတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့အပြင် စစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လက်ဝါးကြီးအုပ်မှုတွေကို ပြုပြင်ပြောင်းလဲဖို့ Move Forward ပါတီက ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ကတိပြုခဲ့ပါတယ်။

အဓိက အတိုက်အခံပါတီကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ဝင်ခွင့် ၁၀ နှစ် ပိတ်ပင်နိုင်တာကြောင့် ဒါဟာ ဒီမိုကရေစီအခြေခံမူတွေကို တိုက်ခိုက်တဲ့ လုပ်ရပ်ဆိုပြီး ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့ကြီးက ကန့်ကွက်ဝေဖန်ပါတယ်။ ဒါက ဒီမိုကရေစီရေးတိုးတက်ရေးလုပ်ဆောင်ဖို့ ထိုင်းနိုင်ငံရဲ့ ကတိကဝတ်တွေကို သေးသိမ်အောင် လုပ်ရာကျမယ်လို့လည်း Fortify Rights အဖွဲ့ကြီးရဲ့ အလုပ်အမှုဆောင် အုပ်ချုပ်ရေးမှုး Amy Smith က ဝေဖန်ပါတယ်။ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် အနှောင့်အယှက် အဟန့်အတားမရှိ ယှဉ်ပြိုင်ခွင့်ရှိဖို့နဲ့ ရွေးကောက်ပွဲစနစ်ကို ဂုဏ်သိက္ခာရှိအောင် ထိန်းသိမ်းဖို့ ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။

Your browser doesn’t support HTML5

ထိုင်းအတိုက်အခံပါတီ ဖျက်သိမ်းသင့်၊ မသင့် ဖွဲ့စည်းပုံတရားရုံး ဆုံးဖြတ်မည်